တောင်သူများ၏ နှမ်းခင်းကို PDF များ ဓားပြတိုက်သည်ဆိုသော သတင်းအမှား 

By ZZ (မဇ္ဈိမ)
30 August 2023
တောင်သူများ၏ နှမ်းခင်းကို PDF များ ဓားပြတိုက်သည်ဆိုသော သတင်းအမှား 

မကွေးတိုင်း၊ ယောနယ်တွင် တောင်သူများ၏နှမ်းခင်းများကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် များက ဓားပြတိုက်သည်ဆိုသော သတင်းပျံ့နှံ့လျက်ရှိနေသည်။ ယင်းမှာ မှားယွင်းနေသည်။ 

မှိုင်းဝေ တယ်လီဂရမ်ချန်နယ်က ဩဂုတ်လ ၂၄ ရက်နေ့တွင် “နှမ်းခင်းကို ဓါးပြတိုက် ခွေးကို သတ်စားတဲ့ PDF” (မူရင်းအရေးအသားအတိုင်း)ဟုဆိုကာ ယောနယ်တွင် တောင်သူများ၏နှမ်းခင်းများကို PDF များက ဓါးပြတိုက် ရိတ်သိမ်းပြီး နှမ်းခင်းပိုင်ရှင်နှင့်ပါလာသည့် အိမ်မွေးခွေးကိုသတ်စားသွားကြောင်း ဖြန့်ဝေထား သည်။ ထိုဖြန့်ဝေမှုတွင် ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားသူများက နှမ်းခင်းရိတ်သိမ်းနေသည့်ပုံ နှစ်ပုံ ပါဝင်သည်။ 
ထိုအကြောင်းသည် တယ်လီဂရမ်တွင် ချန်နယ်နှင့် ဂရု(ပ်) ၁၀ ခု၌ ပျံ့နှံ့နေပြီး ကြည့်ရှုသူ ၅၄,၀၀၀ ကျော် နေပြီဖြစ်သည်။ အလားတူပင် ဖေ့စ်ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိနေသည်။ 
မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသူများက ထိုအကြောင်းကို စစ်ဆေးခဲ့ရာတွင် သတင်းတုဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ 

နှမ်းခင်းရိတ်သိမ်းနေသည့် မူရင်းပုံမှာ “ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့”၏ ဖေ့စ်ဘုတ်စာမျက်နှာ ၌ ဩဂုတ်လ ၂၃ ရက်နေ့က ဖော်ပြထားသည်။ ယောဒေသတွင် နှမ်းခင်းရိတ်သိမ်းချိန်နှင့် စပါးစိုက်ပျိုးချိန် တွင် တောင်သူများ၏ လယ်ယာလုပ်သားရှားပါးမှုအခက်အခဲကို ကူညီသည့်အနေဖြင့် ယောဒေသပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်ကူညီလုပ်ကိုင်နေကြောင်း ဖော်ပြထားသည်။
လင့်- https://bit.ly/3KZAice

ထိုအကြောင်းကို မြေလတ်အသံမီဒီယာကလည်း “လယ်ယာလုပ်သားရှားပါးလို့ အလုပ်သမားငှားမရတဲ့ တောင်သူတွေကို PDF တွေ ကူညီပေး” ဟု ဩဂုတ်လ ၂၃ ရက်နေ့တွင် သတင်းဖော်ပြထားသည်။
လင့်- https://bit.ly/3sBSD8N

မဇ္ဈိမက ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့ နှမ်းခင်းများကူညီရိတ်သိမ်းပေးခဲ့သည့်ဖြစ်စဉ်အား မေးမြန်းရာတွင် “ကျွန်တော်တို့ အခုလို နှမ်းခင်းတွေကို စေတနာနဲ့ အခမဲ့ဝိုင်းကူညီတာ သုံးနှစ်ရှိပါပြီ။ ပုံထဲ မှာပါတဲ့ခွေးမလေးနာမည်က မီကိုဖြစ်ပါတယ်။ ချစ်လို့မွေးထားတဲ့ခွေးတော့ ဘယ်သတ်မလဲဗျ” ဟု ပြန် လည်ဖြေကြားသည်။ 

ထို့ကြောင့် ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နှမ်းခင်းကို ဓါးပြတိုက်ခြင်း၊ ခွေးကိုသတ်စားခြင်း မဟုတ်ဘဲ  ကူညီလုပ်ကိုင်ပေးခြင်းသာ ဖြစ်သည်။ ထို့အတူ ပုံတွင်ပါဝင်သော ခွေးကိုလည်း သတ်ဖြတ်ခဲ့ ခြင်းမရှိပေ။ 

ယခုကဲ့သို့ပင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ လယ်ကူစိုက်ပေးနေသည်ကို မန္တလေး PDF က လယ်မြေအားဓားပြတိုက်သိမ်းယူဟု သတင်းမှားအဖြစ် ပုံဖျက်ရေးသားခြင်းကို ၂၀၂၃ ခုနှစ် ဇူလိုင်လ အတွင်းကလည်း တွေ့ရှိခဲ့သည်။ ထိုအကြောင်းကို မဇ္ဈိမမှအချက်အလက် စစ်ဆေးခဲ့ပြီး ဖြစ်သည်။
လင့် - https://bit.ly/3OWzHcn

ထို့ကြောင့် ယောနယ်တွင် PDF များ နှမ်းခင်းကိုဓါးပြတိုက်သည်ဆိုသောသတင်းမှာ ဖြစ်စဉ်အမှန်အပေါ် အခြေခံကာ အကြောင်းအရာအားပြုပြင်ပြီး ပြန်လည်ဖြန့်ဝေထားသည့် သတင်းအမှားသာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly