ဇနီးဟောင်းကို ဓားဖြင့်ထိုးသတ် သတ်ဖြတ်

ဇနီးဟောင်းကို ဓားဖြင့်ထိုးသတ် သတ်ဖြတ်
ဓာတ်ပုံ- ဓါးဖြင့်ထိုးခံရသူ ဒေါ်မိုးမိုးအောင်နှင့် တရားခံဟု စွပ်စွဲခံထားရသူ ဦးထွန်းမင်းညီ

ဖားကန့်မြို့တွင် ဇနီးဟောင်းဖြစ်သူကို နေအိမ်အတွင်း ဓားဖြင့်ဝင်ရောက်ထိုးသတ်ခဲ့သည်ဆိုမှု ဩဂုတ် ၂၉ ရက်နေ့ နံနက်က ဖြစ်ပွားခဲ့သည်။

ကချင်ပြည်နယ် ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက် ဆွတ်ငိုင်ယန်ကျေးရွာနေ ဒေါ်မိုးမိုးအောင် (ခ) အငယ်လေး (အသက် ၃၅ နှစ်) ကို ဦးထွန်းမင်းညီက ဓားဖြင့်ထိုးရာ အခင်းဖြစ်ပွားရာနေရာမှာပင် သေဆုံးသွားခဲ့သည်ဟုဆိုသည်။

အခင်းဖြစ်ပွားချိန်တွင် နံနက် ၈ နာရီခွဲခန့်က နေအိမ်တွင်  ဒေါ်မိုးမိုးအောင်၏ ကလေးအငယ်ဆုံးနှင့် ဆိုင်တွင် လာရောက်ကူပေးနေသည့် မိန်းကလေးတစ်ယောက်လည်း ရှိနေခဲ့သည်။ အသက် ၄၀ နှစ်အရွယ် ဦးထွန်းမင်းညီက ဒေါ်မိုးမိုးအောင်ကို သတ်ဖြတ်ပြီးနောက်  အဆိုပါ ဆိုင်အကူမိန်းကလေးကို    ယင်းအကြောင်းကို ပြန်ပြောပါက  သတ်ပစ်မည်ဟုပါ ခြိမ်းခြောက်သွားခဲ့သည်ဟု ဆိုသည်။

သေဆုံးသူ၏ ခန္ဓာကိုယ်ပေါ်တွင် ဓားချက်များနှင့် ဒဏ်ရာများတွေ့ခဲ့ရသည်ဟု ရုပ်အလောင်းကို မျက်မြင်တွေ့သူတဦးက ပြောသည်။

တရားခံဟုစွပ်စွဲခံထားရသော ဦးထွန်းမင်းညီနှင့် ကျောက်အရောင်းအဝယ်လုပ်သူ ဒေါ်မိုးမိုးအောင်တို့သည် ပြီးခဲ့သည့် ဩဂုတ်လ ၁၇ရက်ကမှ  တရားဝင်ကွာရှင်းပြတ်စဲထားသူများဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly