နို်င်ငံရေးတက်ကြွလှုပ်ရှားသူတစ်ချို့ ကို မင်္ဂလာတောင်ညွန့် တရားရုံးက လွှတ်

နို်င်ငံရေးတက်ကြွလှုပ်ရှားသူတစ်ချို့ ကို မင်္ဂလာတောင်ညွန့် တရားရုံးက လွှတ်
ဓာတ်ပုံ BoBo Htoon facebook

 ရန်ကုန်၊ ဧပြီ ၈ ။             ။  နိုင်ငံရေးတက်ကြွလှုပ်ရှားသူများဖြစ်သည့် ဦးနေမျိုးဇင်အပါအဝင် နော်အုန်းလှ၊ ကိုတင်ထွဋ်ပိုင်တို့နှင့် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မမီးမီးတို့ကို ပုဒ်မ ၄၉၄အရ မင်္ဂလာတောင်ညွန့် တရားရုံးက လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

ဦးနေမျိုးဇင်အပါအဝင် နော်အုန်းလှ၊ ကိုတင်ထွဋ်ပိုင်တို့သည် လက်ပံတောင်အရေးတွင် တောင်သူဒေါ်ခင်ဝင်းသေဆုံးမှုအတွက် အမှုမှန်ပေါ်ပေါက်ရန် လမ်းလျှောက်ဆန္ဒပြခဲ့သည့်အတွက် မြို့နယ်အများအပြားက ပုဒ်မ ၁၈ဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။

ပုဒ်မ ၄၉၄ အရ မည်သည့်အစိုးရရှေ့နေမဆို စစ်ဆေးစီရင်သောအမှုများတွင် စီရင်ချက်မချမီ လူတယောက်ကို ၎င်းအပေါ်စွဲဆိုထားသောအမှုမှ ယေဘုယျအားဖြင့်ဖြစ်စေ၊ ၎င်းကို ကြားနာစစ်ဆေးနေသည့် ပြစ်မှုများအနက် ပြစ်မှုတစ်ရပ်နှင့် စပ်လျဉ်း၍ဖြစ်စေ ပြစ်မှုများနှင့် စပ်လျဉ်း၍ဖြစ်စေ တရားရုံး၏ သဘောတူညီချက်ဖြင့် ရုပ်သိမ်းနိုင်ကြောင်း ဖော်ပြထားပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ယင်းနည်းလမ်းဖြင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကြိုးပမ်းဆောင်ရွက်မည်ဟု ဧပြီ ၇ရက်နေ့က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။

ယင်းသို့ထုတ်ပြန်ပြီးနောက် ယနေ့ မနက်ပိုင်းတွင် အကျဉ်းထောင်များရှေ့တွင် နိုင်ငံရေးအကျဉ်သားများ၏ မိဘဆွေမျိုးများနှင့် ဝန်းရံသူက သွားရောက်စောင့်ဆိုင်းမှုများရှိခဲ့သိကိုတွေ့ရကာ သာယာဝတီအကျဉ်းထောင်၌ ဖမ်းဆီးခံထားရသည့် ကျောင်းသားများနှင့် ဝန်းရံပြည်သူ ၆၉ဦးလည်း ယနေ့ ညနေက လွတ်မြောက်လာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly