ပိုချက်တီနိုကို အသင်းသမိုင်းတစ်လျှောက် လစာအများဆုံး နည်းပြဖြစ်လာစေရန် စပါးကမ်းလှမ်းမည်

ပိုချက်တီနိုကို အသင်းသမိုင်းတစ်လျှောက် လစာအများဆုံး နည်းပြဖြစ်လာစေရန် စပါးကမ်းလှမ်းမည်

ဧပြီ ၈၊ လန်ဒန်။           ။ စပါးအသင်းသည် ပိုချက်တီနိုကို အသင်းသမိုင်းတစ်လျှောက် လစာအများဆုံးရသည့်နည်းပြဖြစ်လာစေရန် စာချုပ်သစ်ကမ်းလှမ်းသွားမည် ဖြစ်သည်။

ယင်းစာချုပ်မှာ ငါးနှစ်သက်တမ်းရှိပြီး တစ်နှစ်လျှင် ပေါင် ၅ ဒသမ ၅ သန်းရှိမည်ဟု ယူဆရသည်။ ထို့ပြင် စွမ်းဆောင်ရည်အလိုက် ဆုကြေး များလည်း ပါဝင်ဖွယ်ရှိသည်။

ယင်းစာချုပ်သစ်ကိစ္စကို နိုင်ငံတာဘောလုံးပွဲကာလအတွင်း အသင်းဥက္ကဋ္ဌ လီဗိုင်းနှင့် ပိုချက်တီနိုတို့ဆွေးနွေးခဲ့ဖွယ်ရှိသည်ဟု ဒေးလီးမေးလ်က ဖော်ပြခဲ့သည်။

လက်ရှိအချိန်တွင် စပါးအသင်းသည် အာဂျင်တီးနားလူမျိုးနည်းပြထံမှ အဖြေကိုစောင့်နေပြီး အဆင်ပြေပြေဖြင့်အဆုံးသတ်နိုင်မည်ဟု ယုံကြည်နေသည်။

အသက် ၄၄ နှစ်ရှိပိုချက်တီနိုသည် ၂၀၁၃ တွင်အင်္ဂလန်သို့ရောက်လာပြီးနောက် ဥရောပတွင်အလားလာအရှိဆုံးလူငယ်နည်းပြတစ်ဦး ဖြစ်လာခဲ့ပြီး ဆောက်သမ်တန်နှင့် စပါးတွင် စွမ်းဆောင်ပြထားမှုများက ထိပ်သီးအသင်းများကို မျက်စိကျစေလျှက်ရှိသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly