မြိတ်မြို့က စွန့်ဦးတီထွင် အုန်းဆံမျှင်အလှပန်းအိုးတွေ ဈေးကွက်မှာ စတင်ဖြန့်ချီနေ (ရုပ်/သံ)

By ကိုရွှေမြိတ်(မဇ္ဈိမ)
24 August 2023
မြိတ်မြို့က စွန့်ဦးတီထွင် အုန်းဆံမျှင်အလှပန်းအိုးတွေ ဈေးကွက်မှာ စတင်ဖြန့်ချီနေ (ရုပ်/သံ)

တနင်္သာရီတိုင်း မြိတ်မြို့၊ ဘလောက်စုရပ်ကွက်မှာ နေထိုင်နေတဲ့ ဦးသန်းဇော်ဟာ စွန့်ပစ်ပစ္စည်းတွေကို ဖန်တီးမှု လက်ရာတွေအဖြစ် ပြုလုပ်နေရာ အခုတခေါက်မှာတော့ အုန်းဆံမျှင်ကနေ အလှပန်းအိုးတွေကို တီထွင် ထုတ်လုပ်နေပါတယ်။

ဦးသန်းဇော်ဟာ ၂၀၁၇ တုန်းကလည်း တခါသုံး ထမင်းဘူး၊ တခါသုံး ပန်းကန်တွေကို ကွမ်းသီးဖတ် (ဒေသ အခေါ် ဘုတ်ဖတ်) တွေကို အသုံးပြုပြီးတော့ စတင် ဖန်တီး ထုတ်လုပ်ခဲ့တာပါ။ ဒါကြောင့် သူ့ကို စွန့်ဦး တီထွင်သူ အဖြစ် လူသိများကြပါတယ်။

သတင်း။ ရိုက်ကူး/တင်ဆက်/တည်းဖြတ် = ကိုရွှေမြိတ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly