စစ်ကောင်စီတပ် လက်လွှတ်ခဲ့ရတဲ့ လက်ခတ်တောင်စခန်းကုန်းမှာ ဘာတွေဖြစ်ခဲ့လဲ (ရုပ်/သံ)

By ဟန်ထူးဇော် (မဇ္ဈိမ)
24 August 2023
စစ်ကောင်စီတပ် လက်လွှတ်ခဲ့ရတဲ့ လက်ခတ်တောင်စခန်းကုန်းမှာ ဘာတွေဖြစ်ခဲ့လဲ (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ စစ်ကောင်စီနဲ့ ကရင်နယ်ခြား စောင့်တပ်တို့ ပူတွဲစခန်းထိုင်ထားတဲ့ လက်ခတ်တောင် စခန်းကုန်းကို ဇူလိုင်လ၂၁ရက်နေ့မှ ကော်ဘရာစစ်ကြောင်းနဲ့ ကျားသစ်နက်စစ်ကြောင်းက တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။

လက်လွတ်ခဲ့ရတဲ့ အဲဒီစစ်စခန်းကို စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ ၁၀ကြိမ်ကျော် စစ်ကြောင်းထိုးခဲ့ပေမယ့် အကျအဆုံးများပြီး ဆုတ်ခွါထွက်ခဲ့ရတာပါ။ 

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်က လက်နက်ကြီးအများအပြား ပစ်ခတ်ကာ လေကြောင်းပစ်ကူ (၁၀) ကြိမ်ကျော်ပြုလုပ်ခဲ့ပါတယ်။

တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တဲ့ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်း အခြေနေကို မဇ္ဈိမသတင်းထောက် ဟန်ထူးဇော်က ရှေ့တန်းကို သွားရောက် ရိုက်ကူးတင်ဆက်ထားပါတယ်။
 
ရိုက်ကူး= ငြိမ်းချမ်း
တင်ဆက် = ဟန်ထူးဇော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly