ကနီမြို့နယ် နွားခြံကုန်းကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးခန့် သေဆုံး

By လွှမ်းမိုး (မဇ္ဈိမ)
23 August 2023
ကနီမြို့နယ် နွားခြံကုန်းကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးခန့် သေဆုံး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ နွားခြံကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကိုတိုက် ခိုက်ခဲ့ရာတွင် စစ်သား ၁၀ ဦးခန့် သေဆုံးကြောင်း ပြည်ထောင်စုလွတ်မြောက်ရေးတပ်ပေါင်းစု(ULF)ထံမှ သိရသည်။

ဩဂုတ်လ ၁၈ ရက်နေ့ ညနေ ၃ နာရီခွဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲမှာ လေးနာရီကြာြမင့်ခဲ့ကြောင်း ULF တပ်ပေါင်းစု သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ကိုဂျော်ဒန်က ပြောသည်။

“ရန်သူ့ တပ်ကို မီတာ ၅၀ ခန့် အကွာလောက်ကနေ တိုက်ခိုက်ခဲ့ရတာ ဖြစ်ပါတယ်။ စစ်သားသေဆုံးမှု ၁၀ ဦးလောက်ရှိပြီး ထိခိုက်ဒဏ်ရာရသူများတယ်” ဟု ၎င်းက ဆိုသည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေကျွမ်းကျင်မှုနှင့် တိကျသောစစ်ကြောင်းသတင်းများကို အခြေခံ ကာ စစ်ကောင်စီတပ်ကို ပစောက်ပုံဝိုင်းပြီး ဗျူဟာကျကျတိုက်ခိုက်နိုင်ခဲ့ကြောင်း ULF တပ်ပေါင်းစုမှ ပြော သည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီးရှိ ကျောက် ဆစ်ပုံအမြောက်တပ်မှ လက်နက်ကြီးပစ်ကူ အကြိမ်ရေ ၂၀ ခန့် ပစ်ခတ်ခဲ့ကြောင်း ULF တပ်ပေါင်းစုထံမှ သိရသည်။

အဆိုပါတိုက်ပွဲကို ပြည်ထောင်စုလွတ်မြောက်ရေးတပ်ပေါင်းစုမှ KLG စစ်ကြောင်း၊ Comrade စစ်ကြောင်း၊ Alpha စစ်ကြောင်း ၊ Monywa Underground Guerrilla Force ၊ ဒေါင်းလုလင်နှင့် ဒေသတွင်း မဟာမိတ် များပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်မှ အသက် ၂၃ နှစ်အရွယ် ရဲဘော်ရည်ဝေကျော် လက်နက်ကြီးထိမှန်ပြီးကျဆုံးခဲ့ကြောင်း ULF ထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သားများသည် ကနီမြို့နယ် နွားခြံကုန်းကျေးရွာမှ ယင်းမာပင်မြို့နယ် စည်သူ သစ်ကွင်း၌ပြောင်းရွှေ့တပ်စွဲနေခြင်းကြောင့် ပန်းတိမ်ပြင်၊ စည်သူ၊ ကျောက် မှော်၊ နွားခြံကုန်း၊ စုန်းချောင်း ကျေးရွာများမှ ဒေသခံ ၁၀,၀၀၀ ကျော် စစ်ရှောင်နေရကြောင်း သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required