ပင်လယ်ပြင်ရှိ ရေယာဉ်ပေါ်တွင် နှလုံးရောဂါဖောက်နေသည့် တရုတ်သင်္ဘောသားတစ်ဦးကို အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ စွန့်စား ကယ်တင်

ပင်လယ်ပြင်ရှိ ရေယာဉ်ပေါ်တွင် နှလုံးရောဂါဖောက်နေသည့် တရုတ်သင်္ဘောသားတစ်ဦးကို အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ စွန့်စား ကယ်တင်

အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့သည် ပနားမားအလံလွှင့်တင်ထားသည့် သုတေသနရေယာဉ်တစ်စီးပေါ်မှ တရုတ်နိုင်ငံသားတစ်ဦးကို ရာသီဥတုဆိုးရွားပြီး မှောင်မိုက်သည့် ဩဂုတ် ၁၆ ရက် ညအချိန်တွင် စွန့်စွန့်စားစား ကယ်တင်နိုင်ခဲ့သည်။

အဆိုပါ MV Dong Fang Kan Tan No. 2 သုတေသနရေယာဉ်သည် ဝန်ထမ်းတစ်ဦး ရင်ဘတ်အောင့်ပြီး ရုတ်တရက် နှလုံးရပ်သည့် ရောဂါလက္ခဏာများ ဖြစ်ပေါ်လာသောကြောင့် တရုတ်နိုင်ငံသို့ သွားနေရာမှ ယူအေအီးနိုင်ငံသို့ လမ်းကြောင်းပြောင်း ခုတ်မောင်းလာခြင်းဖြစ်သည်။

“ယင်း စွန့်စားကယ်ဆယ်ရေးတာဝန်အတွင်း အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့မှ ALH MK-II ရဟတ်ယာဉ်သည် ရာသီဉတု အလွန်ဆိုးရွားသည့် ညအချိန် ပင်လယ်ပြင်အတွင်း ၂၀၀ ကီလိုမီတာအကွာရှိ MV Dong Fang Kan Tan No 2 ရေယာဉ်ပေါ်မှ တရုတ်နိုင်ငံသားတစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ ၎င်းသည် ရင်ဘတ်အောင့်ပြီး ရုတ်တရက် နှလုံးရပ်သည့် ရောဂါလက္ခဏာ ခံစားနေရသော လူနာတစ်ဦးဖြစ်ကြောင်း” အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့က X လူမှုမီဒီယာတွင် ဖော်ပြခဲ့သည်။ 

အဆိုပါ တရုတ်နိုင်ငံသားသည် အရေးပေါ် ဆေးကုသမှုခံယူရန် လိုအပ်လျက်ရှိကြောင်း မွမ်ဘိုင်းမြို့ရှိ အိန္ဒိယပင်လယ်ရေကြောင်းဆိုင်ရာ ကယ်ဆယ်ရေး ညှိနှိုင်းမှုဌာနက ဩဂုတ် ၁၆ ရက်တွင် သတင်းရရှိခဲ့သည်။
ထို့နောက် ၎င်းရေယာဉ်နှင့် ချက်ချင်းဆက်သွယ်ပြီး လိုအပ်သည့် ဆေးဝါးကုသရေး လမ်းညွှန်မှုများ ပေးခဲ့သည်။ အဆိုပါ လူနာကို အမြန်ဆုံး ကယ်ထုတ်ကာ နောက်ထပ် ကုသမှုများပေးနိုင်မည့် အကောင်းဆုံးနည်းလမ်းကို ရွေးကာ ၎င်းအား ရဟတ်ယာဉ်ဖြင့် သွားရောက်သယ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ 

အိန္ဒိယကမ်းခြေစောင့်တပ်မှ CG ALH MK-III ရဟတ်ယာဉ်သည် ၎င်းလူနာအား သင်္ဘောပေါ်မှ ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့သည်။ လူနာအား ရှေးဦးသူနာပြုနည်းဖြင့် ကုသပေးပြီးနောက် လိုအပ်သည့် ဆေးဝါးကုသမှုခံယူရန် သက်ဆိုင်ရာဌာနသို့ လွှဲပြောင်းပို့ဆောင်ခဲ့သည်။

Indian Coast Guard pulls off daring operation, evacuates Chinese national
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly