ရေစကြိုမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွား စစ်ကောင်စီတပ်ဖွဲ့ဝင်  ၇ ဦးသေဆုံးဟုဆို

By MTO (မဇ္ဈိမ)
19 August 2023
ရေစကြိုမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွား စစ်ကောင်စီတပ်ဖွဲ့ဝင်  ၇ ဦးသေဆုံးဟုဆို

မကွေးတိုင်း၊ ရေစကြိုမြို့နယ် မှာ ဩဂုတ်လ ၁၇ ရက်နေ့ မနက်ပိုင်းက စိုင်းသေရွာတောရိုးကနေ  မြေမလှ ရွာဘက်ကို စစ်ကြောင်း သုံးကြောင်းခွဲပြီး တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးထိ သေဆုံးသွားကြောင်း ရေစကြို မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကနေ သိရပါတယ်။

ရေစကြို ခလရ (၂၅၆) ကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ  ဩဂုတ်လ ၁၆ ရက်က ကျောက်ဖူးကျေးရွာမှာ ညအိပ်ပြီး မြိုင်မြို့ နယ်အတွင်းက ကန်နီ ပျူရွာကို အင်အားဖြည့်တင်း ဖို့ သွားရောက်ချိန်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားချိန်ဟာ တနာရီနီးပါးလောက်ကြာမြင့်ခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဘက်မှာတော့ အထိအခိုက်မရှိခဲ့ဘူးလို့ ရေစကြို ပကဖ ရဲ့ တာဝန်ရှိသူ က ဆက်ပြောပါတယ်။

သတင်း MTO
တင်ဆက်၊ တည်းဖြတ် - MTO
စာတည်း-အောင်ကျော်ဖြိုး

#Mizzima
#ရေစကြို ပကဖ
#စစ်ကောင်စီတပ်ဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly