ချယ်လ်ဆီးဟာ ဆောက်သမ်တန်အသင်းမှ ဘယ်လ်ဂျီယံကွင်းလယ်လူ ရိုမီယို လာဗီယာကို ကနဦး ပြောင်းရွှေ့ကြေးအတွက် ပေါင် ၅၃ သန်းဖြင့် အပြီးသတ်ခေါ်စာချုပ်လိုက်ပြီဖြစ်ပါတယ်။
အသက် ၁၉ နှစ်အရွယ် ကစားသမားဟာ add-ons ကြေးနဲ့အတူ နောက်ထပ် ပေါင် ၅ သန်းအထိ မြင့်တက်လာနိုင်တဲ့ သဘောတူညီမှုအတွက် ခုနစ်နှစ်စာချုပ် ချုပ်ဆိုထားပါတယ်။
လာဗီယာဟာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲအရပ်ရပ်တွင် ၃၄ ပွဲကစာခဲ့ပေယ့်လည်း စိန့်စ်တို့ရဲ့ ပရီးမီးယားလိဂ်ကနေ တန်းဆင်းခြင်းကိုတော့ မကာကွယ်ပေးနိုင်ခဲ့ပါဘူး။
"ချယ်လ်ဆီးနဲ့ ပူးပေါင်းပြီး ဒီစိတ်လှုပ်ရှားစရာကောင်းတဲ့ ပရောဂျက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ရတာ တကယ်ကို ပျော်ရွှင်မိပါတယ်။"လို့ လာဗီယာက ပြောပါတယ်။
“ဒါဟာ ကြီးကျယ်တဲ့ သမိုင်းကြောင်းရှိတဲ့ ဘောလုံးအသင်းတစ်သင်းဖြစ်တယ်။ ကျနော် စတင်ဖို့ တကယ်ကိုပဲ စိတ်လှုပ်ရှားမိပါတယ်။
"ကျနော့်ရဲ့ အသင်းဖော်အသစ်တွေနဲ့ တွေ့ဆုံပြီး ကြီးကျယ်တဲ့ အရာတွေကို အတူတကွ အောင်မြင်ဖို့အတွက် chemistry မိအောင် တည်ဆောက်ဖို့ ကျနော် မစောင့်နိုင်တော့ပါဘူး။"
လီဗာပူးလ်အသင်းကလည်း လာဗီယာကို ခေါ်ယူဖို့ စိတ်အားထက်သန်နေပေမယ့်လည်း ကြိုးကြာနီတို့ဟာ ad-ons ကြေးအပါအဝင် ပေါင် ၄၆ သန်းဝန်းကျင်နဲ့ တတိယအကြိမ် ကမ်းလှမ်းမှုတာကို ဆောက်သမ်တန်က ဒီလအစောပိုင်းက ပယ်ချခဲ့ပါတယ်။
Ref; BBC