ရခိုင်ပြည်နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းပြီးနောက် မြစ်ရေ မြင့်တက်မှု တွေအတွင်း ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနှင့် တောင်ကုတ် မြို့နယ်တွေမှာ ရေကြီးရေလျံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဒီလို ရေကြီးရေလျံမှုတွေအတွင်း လူငါးယောက် ရေနစ်သေဆုံးခဲ့ပြီး အိမ်ခြေ သုံးသောင်းကျော် ရေလွှမ်းမိုးခံခဲ့ရတယ်လို့ ရက္ခိုင့်တပ်တော်က ဩဂုတ်လ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။