နေပြည်တော်နယ်မြေအတွင်း စစ်ကောင်စီတပ် အထိအနာဆုံး ဘို့မသံတောင် စခန်းသိမ်း တိုက်ပွဲ

By ရွှေနွယ် (မဇ္ဈိမ)
15 August 2023
နေပြည်တော်နယ်မြေအတွင်း စစ်ကောင်စီတပ် အထိအနာဆုံး ဘို့မသံတောင် စခန်းသိမ်း တိုက်ပွဲ

နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရဲ့ အရှေ့ဘက်က ဘို့မသံတောင် စခန်းသိမ်း တိုက်ပွဲဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကောင်စီနယ်မြေအတွင်း တိုက်ပွဲတွေထဲမှာ စစ်ကောင်စီတပ် အထိနာဆုံး တိုက်ပွဲဖြစ်တယ်လို့ ဒေသတွင်း ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က ၁၇ ဦးခန့်သေဆုံးပြီး ၃ ဦးထွက်ပြေးလွတ်မြောက်ကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ နေပြည်တောင်ကောင်စီနယ်မြေ အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ တပ်ပေါင်းစုကော်မတီတာဝန်ရှိသူက မဇ္ဈိမကို ပြောပါတယ်။

သိမ်းဆည်းရရှိတဲ့ စစ်ကောင်စီတပ်စခန်းကိုတော့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း ဆိုပါတယ်။

စာတည်း။   ။ နောင်နောင်
သတင်းနှင့် တင်ဆက် − ရွှေနွယ်
ရုပ်သံတည်းဖြတ် − ဂျူချန်း

#နေပြည်တော်
#ဘို့မသံတောင်
#၆၀၆
#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly