စစ်ကောင်စီရဲ့ထိုးစစ်တွေကြောင့် မြန်မာ့သမိုင်းမှာ စစ်ဘေးရှောင်အရေအတွက် အများဆုံးဖြစ်လာ (ရုပ်၊သံ)

By KMN  (မဇ္ဈိမ)
13 August 2023
စစ်ကောင်စီရဲ့ထိုးစစ်တွေကြောင့် မြန်မာ့သမိုင်းမှာ စစ်ဘေးရှောင်အရေအတွက် အများဆုံးဖြစ်လာ (ရုပ်၊သံ)

စစ်ကောင်စီရဲ့ထိုးစစ်ဆင်နေမှုတွေကြောင့် မြန်မာ့သမိုင်းမှာ စစ်ဘေးရှောင်အရေအတွက် အများ ဆုံးဖြစ်လာနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ် ဇူလိုင်လကုန်အထိ ကိန်းဂဏန်းတွေအရ ပြည်တွင်းနေရပ် စွန့်ခွာထွက်ပြေးနေသူ  ၁ ဒသမ ၉ သန်းကျော် ရှိလာပြီလို့  ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။

ဒီအထဲက လူဦးရေ ၁ ဒသမ ၆ သန်းနီးပါးဟာ စစ်တပ် အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

စစ်ကောင်စီရဲ့ထိုးစစ်ဆင်နေမှုတွေကြောင့်သာ နေရပ်စွန့်ခွာထွက်ပြေးနေကြရတာလို့ အမျိုးသားညီညွတ် ရေးအစိုးရ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောကပြောပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags