နိုင်ငံတကာ ပံ့ပိုးကူညီမှု မရှိပါက မြန်မာနိုင်ငံမှပြည်ပရောက်အစိုးရဟာ Bitcoin Bond ကို စဥ်းစားသင့်

နိုင်ငံတကာ ပံ့ပိုးကူညီမှု မရှိပါက မြန်မာနိုင်ငံမှပြည်ပရောက်အစိုးရဟာ Bitcoin Bond ကို စဥ်းစားသင့်

(ယခု ဆောင်းပါးကို Bitcoin Myanmar Initiative မှ ထောက်ပံ့ထားသည်။)

https://www.facebook.com/bitcoin.MM.initiatve

Bitcoin Magazine မှ ဖော်ပြထားသည့် IN THE ABSENCE
 OF INTERNATIONAL SUPPORT, MYANMAR’S EXILED GOVERNMENT SHOULD EXPLORE A BITCOIN BOND ကို ဆီလျှော်အောင် ဘာသာပြန်သည်။

မြန်မာနိုင်ငံမှ ပြည်ပရောက် အမျိုးသားစည်းလုံးညီညွတ်ရေး အစိုးရဟာ နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုကိုရဖို့ ရုန်းကန်နေရတာကြောင့် Bitcoin ငွေချေးစာချုပ်ကမ်းလှမ်းမှုများပြုလုပ်သင့်ပါတယ်။ Biden အစိုးရက 2021 ခုနှစ် စစ်တပ်အာဏာသိမ်းမှုကို မြန်မာနိုင်ငံ (ဘားမား ဟုသ်ိလည်းလူသိများတဲ့ နိုင်ငံ) တွင် စီးပွားရေး ပိတ်ဆို့မှုများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ပြီး အမေရိကန်ပြည်ထောင်စုအတွင်း မြန်မာ အစိုးရမှ သိမ်းထားတဲ့ ရန်ပုံငွေ ဒေါ်လာ 1 ဘီလီယံကို Freeze လိုက်ပါတယ်။ မြန်မာ့နွေဦး တော်လှန်ရေးစတင်ပြီး နှစ်နှစ်ကျော်အကြာမှာ မြန်မာစစ်တပ်မှ ရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရကို အကြမ်းဖက် ဖြုတ်ချခြင်းကနေ ပေါက်ဖွားလာတဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ဟာ 2020 ခုနှစ် ရွေးကောက်ပွဲမှ ရွေးကောက်ခံ လွတ်တော်အမတ်များအများစုနှင့် ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ တပ်မတော်ရဲ့ ဖမ်းဆီးခံရခြင်းမှ လွတ်မြောက်အောင်မြင်စွာ ထွက်ခဲ့နိုင်သော အာဏာသိမ်းမှု ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများနှင့် တိုင်းရင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များဟာ တော်လှန်ရေး အရှိန်မြှင့်တင်ဖို့ အတွက် အဆိုပါ ထိန်းသိမ်းခံထားရသော ရန်ပုံငွေများကို ရယူဖို့ နည်းလမ်းများကို ဆက်လက် ရှာဖွေနေကြပါတယ်။ အဆိုပါ ရန်ပုံငွေများကို ရယူသုံးစွဲဖို့ အလွန်လိုအပ်နေပုံရပါတယ်။ မြန်မာနိုင်ငံတွင် 2021 ခုနှစ် ဖြုတ်ချခံရပြီးနောက် ဆိုးရွားသော အခြေအနေတစ်ရပ်ကို ဖန်တီးခဲ့သလိုဖြစ်ခဲ့ပါတယ်။ မြန်မာ့တပ်မတော်ဟာ နယ်မြေ ၁၇ ရာခိုင်နှုန်းကိုသာတည်ငြိမ်စွာ ထိန်းချုပ်ထားနိုင်ခဲ့ပြီး ကျန်နေရရာဒေသများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကာ ရွာသူရွာသား (၁၀၀) သေဆုံးခဲ့ရတဲ့ ဧပြီလ လေကြောင်းတိုက်ခိုက်မှုကဲ့သို့ စိတ်ဆင်းရဲစရာ တိုက်ခိုက်ခံရမှုများနှင့် ရင်ဆိုင်နေရပါတယ်။ အာဏာသိမ်းပြီးကတည်းက လူပေါင်း ၃,၅၀၀ ကျော် သေဆုံးပြီး အရပ်သား ၂၃,၀၀၀ ကျော် အကျဉ်းချခံခဲ့ရတာက လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အရေးပေါ်လိုအပ်နေတာကို မီးမောင်းထိုးပြနေပါတယ်။ မြန်မာနိုင်ငံမှာ လူဦးရေ ၁၇ ဒသမ ၆ သန်း အကူအညီ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပြီး ဒါဟာ ယူကရိန်းမှာ လိုအပ်နေတဲ့ လူဦးရေနဲ့ ညီမျှပါတယ်။ သို့ပေမယ့် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) တုံ့ပြန်ရေးအစီအစဉ်က မြန်မာနိုင်ငံအတွက် ရန်ပုံငွေပမာဏဟာ ကြီးမားတဲ့ဒါမှမဟုတ်တူညီတဲ့ ပြဿနာများကို ရင်ဆိုင်နေရတဲ့ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံအတွက် ရန်ပုံမှာသိသိသာသာကွာဟချက်ကို မြင်တွေ့ရပါတယ်။ ကျွန်တော့်အမြင်အရတော့ အကူအညီလိုအပ်နေတဲ့ 17.6 သန်းထဲက လူ 5 သန်းကိုသာထိထိရောက်ရောက်ရှိတဲ့အတွက် ဒီအစီအစဥ်ရဲ့အကျိုးထိရောက်မှုဟာသိသိသာသာနည်းပါတယ်။ ထိုသို့ငွေကြေးမလုံလောက်မှုဟာ ကမ္ဘာ့မူဝါဒအဆင့်မှာ မြန်မာနိုင်ငံပဋိပက္ခအတွက် ကြီးမားသောပံ့ပိုးကူညီမှုပေးဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တုံ့ဆိုင်းနေမှုကိုမီးမောင်းထိုးပြနေပါတယ်။ ထိုကဲ့သို့အကူအညီ နည်းပါးမှုက လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းနှင့် ရုန်းကန်နေရသော မြန်မာနိုင်ငံပြည်သူများအပေါ် အရေးပါတဲ့ သက်ရောက်မှု ဖြစ်နေပါတယ်။

United States Institute Of Peace မှ မကြာသေးမီက သုံးသပ်ချက်ဆောင်းပါးတွင် မြန်မာနိုင်ငံက ထင်ရှားတဲ့ ပုဂ္ဂိုလ်အုပ်စုတစ်စုဟာ ဒီမိုကရေစီတိုက်ပွဲတွင် ယူကရိန်းနိုင်ငံသားများနှင့် မျှဝေရဲသော သတ္တိ၊ စိတ်ဓာတ်နှင့် စည်းလုံးညီညွတ်မှုကို အလေးပေးဖော်ပြခဲ့ပါတယ်။ သို့သော်လည်း နှစ်နိုင်ငံရရှိတဲ့ နိုင်ငံတကာအကူအညီအဆင့်တွင် သိသာထင်ရှားသောကွာဟချက်ကိုလည်း မီးမောင်းထိုးပြခဲ့ပါတယ်။ ယူကရိန်းဟာ ရုရှားရန်လိုမှုကို တန်ပြန်ဖို့ကြီးမားသောအကူအညီများ ရရှိထားပေမယ့် မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းမှုတွင် နှိုင်းယှဥ်ကြည့်လျင် လိုအပ်တဲ့ ထောက်ပံ့မှုများမရရှိခဲ့ပါဘူး။ ယူကရိန်းက ရရှိတဲ့ ထောက်ပံ့ကူညီမှု ရဲ့အပိုင်းတစ်ပိုင်းလောက်ရရင်တောင်မှ စစ်အာဏာရှင်တွေကို ဖြုတ်ချဖို့ ကြိုးပမ်းနေကြတဲ့ မြန်မာရဲ့ကြိုးပမ်းမှုတွေအပေါ် အကြီးအကျယ် သက်ရောက်မှု ရှိနိုင်တယ်လို့ စာရေးသူက ထောက်ပြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အရိပ်အစိုးရဖြစ်သော NUG ဟာနိုင်ငံတကာ သံတမန်ရေးရာ ရှေ့တန်းတွင် အခြားသောအားနည်းချက်များနှင့် ရင်ဆိုင်နေရပါတယ်။ မြန်မာနိုင်ငံပိုင်နက် ၅၃ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပြီး မြန်မာအက်ဥပဒေ (Burma Act) ဖြင့် ဝါရှင်တန်ဒီစီတွင် ဆက်ဆံရေးရုံးဖွင့်လှစ်ခဲ့ပေမယ့် NUG ဟာ အမေရိကန်ထံမှ တရားဝင်မှုနှင့် အသိအမှတ်ပြုမှုရရှိရန် ရုန်းကန်နေရပါသေးတယ်။
 ဥရောပပါလီမန်က 2021 ခုနှစ် အောက်တိုဘာလမှစတင်ပြီး "မြန်မာပြည်သူလူထုရဲ့ ဒီမိုကရေစီဆန္ဒအတွက် တရားဝင်ကိုယ်စားလှယ်တွေ" အဖြစ် NUG အား ထောက်ခံအားပေးတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခဲ့ပေမယ့် အမေရိကန်တွင် အလားတူ အသိအမှတ်ပြုမှုရရှိဖို့တော့ ရုန်းကန်ကြိုးစားနေရစဲဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးတိုက်ပွဲအတွက် ငွေကြေးထောက်ပံ့ခြင်း
 -------------------------------------------------------------------------------

ထိုသို့ စိန်ခေါ်မှုကာလအတွင်း US မှရပ်တန့်ထားသောရန်ပုံငွေများကိုရယူဖို့ကြိုးစားနေချိန်တွင် NUG ဟာအခြားရန်ပုံငွေရှာဖွေရေးလမ်းကြောင်းများကိုလည်းရှာဖွေခဲ့ပါတယ်။ ဥပမာအနေနဲ့ပြောရရင်တီထွင်ဖန်တီးမှုနည်းလမ်းများဖြင့် ကမ္ဘာတစ်ဝှမ်းရှိ မြန်မာလူမျိုးများထံမှ ဒေါ်လာသန်းပေါင်းများစွာကို အောင်မြင်စွာ ကောက်ခံစုဆောင်းနိုင်ခဲ့ပါတယ်။ NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာန (MOPFI) က နှစ်ရက်ခွဲအတွင်း ထူးထူးခြားခြား မြေယာရောင်းချမှုကို စတင်ခဲ့ပြီး နှစ်ရက်ခွဲအတွင်း ဒေါ်လာ ၉ သန်း ရရှိခဲ့ပါတယ်။ စစ်အာဏာရှင်ရဲ့ မြေယာစာချုပ်များကို လေလံတင်ရောင်းချမှုကလည်း သုံးရက်အတွင်း အမေရိကန်ဒေါ်လာ ၂ သန်း ရရှိခဲ့တာပါ။
 2023 ခုနှစ်အစောပိုင်းတွင် NUG ဟာ စစ်အာဏာရှင်ကို အားနည်းစေပြီး သူတို့ရဲ့ ဒီမိုကရေစီကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးဖို့အတွက် ဒေါ်လာ 132 သန်းကျော်စုဆောင်းထားနိုင်ကြောင်း ကြေညာခဲ့ပါတယ်။ ပိုပြီး အထင်ကြီးစရာကောင်းတာကတော့ ဒီပမာဏဟာ လူဦးရေ ၅၄ သန်းရှိတဲ့ တိုင်းပြည်မှာအဓိက အခြေခံထားတာဖြစ်ပြီး၊ တစ်ဦးချင်း GDP ဟာ အတော်လေးနည်းပြီး ဒေါ်လာ 1,085 သာရှိပြီး ပြည်ပမှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသားဆိုတာကလည်း ၄.၅ သန်းလောက်သာ ရှိတာပါ။ NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်က ယနေ့အထိ ရရှိတဲ့ ရန်ပုံငွေရဲ့ ၄၅ ရာခိုင်နှုန်းခန့်မှာ Spring Revolution အထူးငွေတိုက်စာချုပ်များ ရောင်းချခြင်းကနေ ဖြစ်ကြောင်း Straits Times သို့ ပြောကြားခဲ့ဖူးပါတယ်။

NUG မှ မကြာသေးမီက ကြားဖြတ်ဗဟိုဘဏ်တစ်ခု တည်ထောင်ခြင်းအပြင် အရိပ်အစိုးရဟာသူတို့ရဲ့ပြဿနာများအတွက် မူရင်းဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ ဖြေရှင်းနည်းများကို ရှာဖွေဖော်ထုတ်နေလျက်ရှိပါတယ်။ Polygon blockchain မှ ကျောထောက်နောက်ခံပြုထားတဲ့ Spring Development Bank ရဲ့ မကြာသေးမီက အစမ်းလွှင့်တင်မှု ကဲ့သို့သောခြေလှမ်းများဖြစ်ပါတယ်။
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင် တက်ရောက်တဲ့ ကြေငြာချက်တွင် Spring Development Bank ဟာ ကြားဖြတ်ဗဟိုဘဏ်ထံမှ လိုင်စင်နှင့် စည်းမျဉ်းများကို လက်ခံရရှိထားပြီးဖြစ်သည့် မြန်မာကျပ်၊ အမေရိကန် ဒေါ်လာ၊ စင်္ကာပူဒေါ်လာနှင့် ထိုင်းဘတ် ငွေကြေးလုပ်ဆောင်ချက်များကိုလုပ်ဆောင်နိုင်တာဖြစ်ပါတယ်။ ကြေငြာပွဲအခမ်းအနားရဲ့ အမေးအဖြေကဏ္ဍတွင် NUG ဟာ Spring Development Bank မှတဆင့် နိုင်ငံတကာရန်ပုံငွေကို ဖြန့်ကြက်ရန် အစီအစဉ်ရှိကြောင်းလည်း ဦးတင်ထွန်းနိုင်က ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်က ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံရဲ့ ဒေါ်လာ ၁ ဘီလီယံအရန်ငွေကို တရားဝင်နည်းလမ်းဖြင့် ပြန်လည်ရယူဖို့လည်း တက်ကြွစွာ လုပ်ဆောင်နေကြောင်းလည်း သူကထပ်မံ ပြောကြားခဲ့ပါတယ်။ တော်လှန်ရေး အရှိန်အဟုန် တိုးမြင့်လာတာနှင့်အမျှထို့ကဲ့သို့ ကိစ္စရပ်များတွင် သိသာထင်ရှားသော တိုးတက်မှုကိုမျှော်လင့်ကြောင်းလည်း၀န်ကြီး က အလေးအနက် ပြောကြားခဲ့ပါတယ်။
 NUG ရဲ့ ကိုယ်ပိုင်ရန်ပုံငွေရရှိရေးတွင် ကနဦးအောင်မြင်မှုမှာ အလားအလာကောင်းနေသော်လည်း၊ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အလှူရှင်များက တိုင်းပြည်ရဲ့ ရုန်းကန်မှုများကို လျစ်လျူရှုထားတာကြောင့် မြန်မာ့ဒီမိုကရေစီရေးကြိုးပမ်းမှုတွင် ပြည်သူများက အဓိကလုပ်ဆောင်နေရပါတယ်။
 ထိုအချက်က ကမ္ဘာ့အထင်ကြီးဆုံး၊ အချုပ်အခြာအာဏာပိုင်ဘဏ္ဍာရေးကိရိယာများထဲမှတစ်ခုဖြစ်တဲ့ Bitcoin ကိုလက်ခံဖို့လိုအပ်ကြောင်းပြသနေပါတယ်။

မြန်မာနိုင်ငံတွင် Bitcoin Bond ထုတ်ပေးသင့်နေခြင်း

—-------------------------------------------------------------

စိန်ခေါ်မှုအခြေအနေများနှင့် အကန့်အသတ်ရှိတဲ့ နိုင်ငံတကာပံ့ပိုးမှုများကြောင့်
 NUG ဟာ El Salvador တွင်မိတ်ဆက်ခဲ့သည့် Bitcoin ငွေချေးစာချုပ်ကဲ့သို့ အစပြုမှုများကနေ လှုံ့ဆော်မှုစပြီးလုပ်သင့်ပါတယ်။ NUG ဟာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီကို ပံ့ပိုးပေးလိုသော ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများရဲ့ အတွေးအခေါ်နှင့် ညီညွတ်သော ရင်းနှီးမြှုပ်နှံသူများထံကို
 ဝင်ရောက်နိုင်တဲ့ ဒစ်ဂျစ်တယ် လွတ်လပ်မှုစာချုပ်ကို ထုတ်ပေးနိုင်ပါတယ်။ ဆန်းသစ်သော လွတ်လပ်မှုစာချုပ်ချဉ်းကပ်မှုအနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ ထိန်းသိမ်းခံထားရတဲံ $1 ဘီလီယံအရန်ငွေရဲ့ ရာခိုင်နှုန်းအချို့ကို Bitcoin အဖြစ် သတ်မှတ်ကာ ငွေချေးစာချုပ်များကို USD ဖြင့်
 ပြုလုပ်ပြီး စတင်နိုင်ပါတယ်။ ဒါ့အပြင် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ဖို့ နှင့် မြန်မာ့ဒီမိုကရေစီရေးကြိုးပမ်းမှုအား ပံ့ပိုးရန်အတွက် မက်လုံးများပေးနိုင်ရန် ကြိုတင်သတ်မှတ်ထားသော အတိုးနှုန်းနှင့် စာချုပ်ကာလကဲ့သို့သော လွတ်လပ်မှုစာချုပ်ကို သီးခြားအသွင်အပြင်ဖြင့်
 ဒီဇိုင်းထုတ်နိုင်ပါတယ်။ NUG ဟာ အလားအလာရှိသော ရင်းနှီးမြုပ်နှံသူများအတွက် ထပ်လောင်းအကျိုးအမြတ်အဖြစ် တော်လှန်ရေးလွန်ခေတ်တွင် အမြဲတမ်းနေထိုင်ခွင့်ကို ကမ်းလှမ်းနိုင်ခြေကိုလည်း စူးစမ်းလေ့လာစတင်နိုင်ပါတယ်။ လွတ်လပ်မှုနှောင်ကြိုးမဟာဗျူဟာတွင် ထိုအရာများကို ပေါင်းစပ်ခြင်းဖြင့်
 NUG ဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကြိုးပမ်းမှုများကို ငွေကြေးထောက်ပံ့ရုံသာမက ရင်းနှီးမြှုပ်နှံသူများကို မြင်သာထင်သာရှိသော bitcoin စံနှုန်းအကျိုးကျေးဇူးများနှင့် အဓိပ္ပါယ်ရှိသော ပံ့ပိုးကူညီမှုပေးသည့် ဆန်းသစ်ပြီး ဆွဲဆောင်မှုရှိသော ရင်းနှီးမြုပ်နှံမှုအခွင့်အလမ်းကို
 ဖန်တီးနိုင်မှာဖြစ်ပါတယ်။ ထိုဗျူဟာဟာ ကမ္ဘာလုံးဆိုင်ရာ ဇာတ်ခုံပေါ်ရှိ မြန်မာ့ဒီမိုကရေစီ တိုးတက်မှုဆီသို့ ခရီးအတွက် အဓိပ္ပါယ်ရှိသော အခိုက်အတန့်ဖြစ်ပြီး သံတမန်ရေးအရလည်း ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ ထိုကဲ့သို့ အလားအလာရှိသော Bitcoin စံနှုန်းနှင့်ပတ်သက်ပြီးတင်ပြဖို့
 ဦးတင်ထွန်းနိုင်ထံ အကြိမ်ကြိမ်ဆက်သွယ်ရန် ကြိုးပမ်းပြီးနောက် NUG အဖွဲ့ဟာ သူတို့ရဲ့ ဗဟိုဘဏ်ဖွဲ့စည်းမှုကို လက်ရှိတွင်ထိပ်တန်းဦးစားပေးဖြစ်နေကြောင်း ကိုပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဗဟိုဘဏ်တည်ထောင်ခြင်း ပြီးရင်တော့ NUG ဟာ Bitcoin စံနှုန်းတစ်ခု ထူထောင်ဖို့လည်း စီစဉ်ထားကြောင်းသိရပါတယ်။

“မြန်မာနိုင်ငံမှာ Bitcoin ဟာ အစောပိုင်းအင်တာနက်ခေတ်
 (၂၀၀၇-၂၀၀၈) မှာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အုပ်ချုပ်ခဲ့တဲ့ တိုင်းပြည်နဲ့တူတယ်” လို့ မြန်မာဘာသာနှင့်ရေးသားပြီးပညာပေးဆိုင်ရာ ပလပ်ဖောင်းတစ်ခုဖြစ်တဲ့ Bitcoin Myanmar Initiative မှ ကိုယ်စားလှယ်တဦးက ရှင်းပြထားပါတယ်။ “အင်တာနက်ဟာ ဆယ်ကျော်သက်တွေအတွက် ချိန်းတွေ့တဲ့ နေရာတစ်ခုဖြစ်ပြီး အရွယ်ရောက်ပြီးသူ ညစ်ညမ်းအကြောင်းအရာတွေကို ကြည့်ရှုဖို့နေရာ၊ အင်တာနက်ကဖေးတွေက ကလေးတွေကို ဆေးလိပ်သောက်တတ်အောင်လုပ်နေတာလို့ ယုံကြည်ကြတဲ့ မိဘတွေနဲ့ ဆရာတွေက လူငယ်တွေကို Brainwash လုပ်ခဲ့ပါတယ်။ သို့ပေမယ့်အစောပိုင်းအင်တာနက်ခေတ်ရဲ့ Brainwash လုပ်ချင်းက မှားယွင်းသောအချက်ဖြစ်ခဲ့ပါတယ်။ အဲ့အစားအင်တာနက်ဟာ လွတ်လပ်သောကမ္ဘာအတွေ့အကြုံကို ပွင့်လင်းစေတဲ့ ဒီမိုကရေစီ သတင်းအချက်အလက်တစ်ခုဆီသို့ ဦးတည်ပြီး ပြည်သူများကိုနည်းပညာအကြောက်တရားဆီကနေ တွန်းအားပေးဖို့ တန်ပြန်ဖြစ်လာပါတယ်။ မြန်မာနိုင်ငံဟာ လွန်ခဲ့သောဆယ်စုနှစ်တစ်ခုကျော်က အင်တာနက်အစောပိုင်းတွင်ပျံနှုံမှုနှိုင်းယှဉ်နိုင်လျင်ယခုအချိန်ဟာ Bitcoin မွေးစားမှုအတွက် အရေးကြီးသောအခိုက်အတန့်တစ်ခုဖြစ်ကြောင်းလည်း Intiative မှ ယုံကြည်ထားပါတယ်။ "ယခုအခုချိန် က ကျွန်ုပ်တို့မြန်မာနိုင်ငံမှာ Bitcoin မွေးစားဖို့ အကောင်းဆုံးအချိန်လို့ ကျွန်ုပ်တို့ထင်တယ်"
 လို့ကိုယ်စားလှယ်ကပြောကြားခဲ့ပါတယ်။ Bitcoin စံနှုန်းက မြန်မာနိုင်ငံအတွက် အနာဂတ်ဟု ထင်ရသော်လည်း အခြားနေရာများတွင် ထင်ရှားသော လူများထံမှ အာရုံစိုက်မှုနှင့် ထောက်ခံမှု ရရှိထားပြီးဖြစ်ပါတယ်။ 2024 ခုနှစ် အမေရိကန် သမ္မတလောင်း Robert F. Kennedy Jr. ဟာ မကြာသေးမီက ပင် Bitcoin အာရုံစိုက်တဲ့အကြောင်းကို မျှဝေခဲ့ပြီး ကမ္ဘာတစ်ဝှမ်းရှိ လူများလှုပ်ရှားမှုများအပေါ် Bitcoin ရဲ့ အကျိုးသက်ရောက်မှုကို မီးမောင်းထိုးပြခဲ့ပြီး မကြာသေးမီက တွစ်တာတွင် “မြန်မာ” ကိုလည်းအထူးဖော်ပြခဲ့ပါသေးတယ်။ Bitcoin နည်းပညာဟာ မြန်မာနိုင်ငံအတွက် အပြုသဘောဆောင်သော အပြောင်းအလဲနှင့် အသွင်ကူးပြောင်းမှုကို ယူဆောင်လာဖို့ အလားအလာကို အကြံပြုရင်း Bitcoin နည်းပညာက တိုင်းပြည်အတွက် အသက်ကယ်တစ်ခုဖြစ်ကြောင်း Kennedy က အလေးပေးပြောကြားခဲ့ပါတယ်။

(ယခု Bitcoin Myanmar Initiative Page မှ ကျွန်တော်တို့ ခေတ်ရဲ့ လွဲမှားနေတဲ့ စနစ်၊ Bitcoin နှင့် တခြားသော နည်းပညာများ အကြောင်းကို မျှဝေသွားမည် ဖြစ်သည်။ မျှဝေချက်များမှာ ပညာရေး အတွက်သာ ရည်ရွယ်ချက်ခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံ့မှု တိုက်တွန်းချက်မပါဝင်ပါ။)

Telegram တွင် စောင့်ဖတ်ရန် → https://t.me/BitcoinMyanmarEDU

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly