ရခိုင်မှာ မိုခါကြောင့် နလန်မထူနိုင်သေးချိန် ရေဘေးနဲ့ပါ ထပ်ကြုံနေရ (ရုပ်/သံ)

By မဇ္ဈိမ 
10 August 2023
ရခိုင်မှာ မိုခါကြောင့် နလန်မထူနိုင်သေးချိန် ရေဘေးနဲ့ပါ ထပ်ကြုံနေရ (ရုပ်/သံ)

ဖျက်အားပြင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် စီးပွားရေးနဲ့ စားဝတ်နေရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ နလန်မထူထောင် နိုင်သေးတဲ့ ရခိုင်ပြည်နယ်မှာ လက်ရှိ ရေဘေးနဲ့ပါ ထပ်မံကြုံတွေ့ နေရပါတယ်။

မြောက်ဦးမြို့ မြတန်ဆောင်းစစ်ရှောင်စခန်းမှာ မြစ်ရေဝင်ရောက်လာလို့ စခန်းတွင်းရှိ စစ်ဘေးရှောင် ၁,၂၀၀ ဝန်းကျင်ကို မြတန်ဆောင်းဘုန်းတော်ကြီးကျောင်းရှိ ပညာဒါန စာသင်ဆောင်အတွင်းကို ရွှေ့ပြောင်းခဲ့ရတယ်လို့ မြတန်ဆောင်း ဆရာတော်က မဇ္ဈိမကို မိန့်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly