ဒေသအချို့ရေဘေးကြုံနေစဉ် ထပ်မံ မိုးကြီးမည့် သတိပေးချက် ထုတ်ပြန်ထား

By ရောင်နီ(မဇ္စျိမ)
09 August 2023
ဒေသအချို့ရေဘေးကြုံနေစဉ် ထပ်မံ မိုးကြီးမည့် သတိပေးချက် ထုတ်ပြန်ထား
ပုံစာ - ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်း ရေကြီးနစ်မြုပ်နေမှုမြင်ကွင်း။ (ပုံ - Soe Maung Than FB)

မုတ်သုံလေဆက်လက်အားကောင်းနေပြီး  လတ်တလော ရေဘေးရင်ဆိုင်နေရသော ဒေသများ၌  မိုးကြီးနိုင်ပြီး ရေကြီးရေလျှံမှုဘေး ဆက်လက်သတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က သတင်းထုတ်ပြန်သည်။ 

ပုံစာ - ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်း ရေကြီးနစ်မြုပ်နေမှုမြင်ကွင်း။ (ပုံ - Soe Maung Than FB)
 

သြဂုတ်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ မိုးလေ၀သအခြေအနေကို MOHADM က သတိပေးထားရာ၌ ယခုရက်ပိုင်းအတွင်း ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးသည်းထန်နိုင်ပြီး ကျန်တိုင်းနှင့် ပြည်နယ်များတွင် မိုးကောင်းနိုင်သည်ဟု ပါဝင်သည်။ ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ရေကြီး ရေလျှံမှုနှင့် မြေပြိုမှုဘေးများအတွက် အထူးသတိထား ပြင်ဆင်နေထိုင်ရန် အသိပေးထားသည်။ 
ဩဂုတ်လဆန်းမှစတင်ကာ  မြန်မာနိုင်ငံအနှံအပြားတွင် မိုးကောင်းနေပြီး ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် မြို့နယ်အချို့၍ ရေကြီးနစ် မြုပ်မှုရင်ဆိုင်နေရသည်။ ယင်းဒေသများမှ မြစ်ချောင်းများတွင်လည်း စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်နေသည်။

ပုံစာ - ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်း ရေကြီးနစ်မြုပ်နေမှုမြင်ကွင်း။ (ပုံ - Soe Maung Than FB)
 

ရခိုင်ပြည်နယ်တွင် ဩဂုတ်လ ၁၀ရက်နောက်ပိုင်း မိုးအားအနည်းငယ်လျော့နိုင်သော်လည်း  သြဂုတ်လ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့များတွင်  မိုးသည်းထန်နိုင်သည့်အတွက် ဒေသခံများအနေဖြင့် အလေးထားပြင်ဆိုင်နေထိုင်သင့်ကြောင်း MOHADM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

စစ်ကောင်စီလက်‌အောက်ခံ မိုးဇလဌာနက ယနေ့  သြဂုတ်လ ၉ ရက် ရာသီဥတုအ‌ခြေအနေအရ
ရခိုင်ပြည်နယ်၊ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် မိုးကြီးနိုင်သည်ဟု သတိပေးထားသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required