၂၅ နှစ်ပြည့် မဇ္ဇျိမ မီဒီယာ အပေါ် တော်လှန်ရေးအင်အားစုများ သဘောထား (ရုပ်သံ သတင်း)

By MTO ၊ စိုင်းခန့် ၊ ဂန္ဓမာ
09 August 2023
၂၅ နှစ်ပြည့် မဇ္ဇျိမ မီဒီယာ အပေါ် တော်လှန်ရေးအင်အားစုများ သဘောထား (ရုပ်သံ သတင်း)

၁၉၉၈ ခုနှစ်က စတင်ခဲ့တဲ့ မဇ္စျိမမီဒီယာဟာ အခု ၂၀၂၃ ခုနှစ်မှာတော့ နှစ်ပေါင်း ၂၅ နှစ် ပြည့်ခဲ့ပါပြီ။

လွတ်လပ်မှု၊ တရားမျှတမှု၊ တာဝန်သိမှုဆိုတဲ့ မဇ္စျိမရဲ့ ဆောင်ပုဒ်နဲ့အတူ လက်ရှိ နွေဦးတော် လှန်ရေး ကာလမှာလည်း အခက်အခဲတွေ ကြားကနေ ပြည်သူတွေဆီ သတင်းစီးဆင်းမှု မပြတ်လတ်စေဖို့ ဆက်လက် ဆောင်ရွက်နေပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် မဇ္စျိမ သတင်းဌာနကို လုပ်ငန်းလိုင်စင်ပိတ်သိမ်းခဲ့ပြီး ရုံးခန်းကို ဝင်ရောက်စီးနင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း  မဇ္စျိမသတင်းဌာနအနေနဲ့ ပြည် သူတွေ သတင်းမှန်တွေ သိရှိနိုင်ရေး နည်းလမ်းမျိုးစုံနဲ့  သတင်းတွေကို ယနေ့ အထိတိုင် တင်ဆက် ပေးနေတာပါ။

လက်ရှိနွေဦးတော်လှန်ရေးကာလတွေမှာလည်း တော်လှန်ရေးလုပ်ဆောင်နေတဲ့ အနယ်နယ်အရပ်ရပ် မှ တော်လှန်ရေးအဖွဲ့အစည်းတွေ ၊ ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့အစည်းမျိုးစုံး နဲ့ ဆက် သွယ်ချိတ်ဆက်ပြီး သတင်းမှန်တွေ တင်ဆက်နိုင်ရေးအစွမ်းကုန် ကြိုးစား ရွက်နေပါတယ်။

ဒါကြောင့်လည်း မဇ္ဇျိမမီဒီယာ ရဲ့ ရပ်တည်ချက် ဆောင်ရွက်ချက်တွေ နဲ့ ပတ်သတ်လို့ မြောင်မြို့နယ် ကာကွယ်ရေးနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ CDSOM ရဲ့ ခေါင်းဆောင် ကို နွေဦးမြောင် က အခုလိုပြော ပါတယ် 

သတင်း - MTO ၊ စိုင်းခန့်၊ ဂန္ဓမာ
တင်ဆက် ၊ တည်းဖြတ် MTO

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required