မိုးရွာသွန်းမှုကြောင့် မြဝတီ - အာရှလမ်းမကြီးပေါ်တွင် တောင်ပြိုမှုဖြစ်ပွား

By YT (မဇ္ဈိမ)
06 August 2023
မိုးရွာသွန်းမှုကြောင့် မြဝတီ - အာရှလမ်းမကြီးပေါ်တွင် တောင်ပြိုမှုဖြစ်ပွား
ဓါတ်ပုံ- လူမှုကွန်ယက် ပုံအညွှန်း- အာရှလမ်းမကြီးပေါ်၊ တောနော်ရေတံခွန်အနီး တောင်မြေပြိုမှု ဖြစ်ပွားပြီးနောက် အခြေအနေ

မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းမှုကြောင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ တောနော်ရေတံခွန်အနီး၊ အာရှလမ်းမကြီးပေါ်တွင် တောင်ပြိုမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် ဒေသတွင်းသတင်းရင်းမြစ်ထံက သိရသည်။ 

" တောနော်ရေတံခွန်နားမှာပေါ့။ မနက် ၆ နာရီနောက်ပိုင်းမှာ ဖြစ်တာပါ။ မိုးရွာတော့ တောင်ကျရေတွေ အစီးများပြီးတော့ တောင်ပြိုတာပေါ့။ ခဏတော့ လမ်းပိတ်သွားပေမယ့် ၁၁ နာရီကျော်ကျော်လောက်မှာ လမ်းပြန်ပွင့်သွားပါတယ်" ဟု မြဝတီမြို့နယ် ဒေသတွင်းသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။ 

ယနေ့ ဩဂုတ်လ ၆ ရက်နေ့၊ နံနက် ၆ နာရီ ၃၀ မိနစ်ဝန်းကျင်က မြဝတီ- ကော့ကရိတ် သွားရာ အာရှလမ်းမကြီးပေါ်၊ တောနော်ရေတံခွန်အနီးတွင် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းရာမှ တောင်ပြိုကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အာရှလမ်းပေါ်ကြီးပေါ်အထိ မြေတင်ခဲ့၍ လမ်းပိတ်ဆို့မှု ငါးနာရီနီးပါး ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ 
 
လက်ရှိတွင် မြဝတီ- ကော့ကရိတ် အာရှလမ်းမကြီးအား ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်နေပြီဖြစ်သော်လည်း အာရှလမ်းမကြီးပေါ် နေရာအချို့တွင် ရေဖုံးလွှမ်းမှု အနည်းငယ် ရှိနေဆဲဖြစ်ကြောင်း သိရသည်။

မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းမှုကြောင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ တောနော်ရေတံခွန်အနီး၊ အာရှလမ်းမကြီးပေါ်တွင် တောင်ပြိုမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် ဒေသတွင်းသတင်းရင်းမြစ်ထံက သိရသည်။ 

ထို့အပြင် မြဝတီမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့မှစ၍ မိုးဆက်တိုက် ရွာသွန်းမှု၊ တောင်ကျရေစီးဆင်းမှုများပြီး သောင်ရင်းမြစ်ရေ မြင့်တက်လာမှုကြောင့် သောင်ရင်းမြစ်ကမ်းအနီးရှိ အမှတ် (၅) ရပ်ကွက်၊ သရက်ပင်ဂိတ်အနီးရှိ ရပ်ကွက်တွေ၊ အမှတ် (၁) ရပ်ကွက်တို့တွင် ရေကြီးရေလျှံမှုများ စတင်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပြီး အဆိုပါ ရပ်ကွက်များမှ ဒေသခံများအား ယာယီကယ်ဆယ်ရေးစခန်း ငါးခုဖွင့်ထားကာ ရွှေ့ပြောင်းထားစေကြောင်း သိရသည်။ 

" ဒီနေ့လည်း မိုးကတော့ ရွာပါတယ်။ဒါပေမဲ့ ချောင်းရေက မတက်လာတော့ပါဘူး။ မိုးရွာတဲ့ တောင်ကျရေတွေကြောင့်ပဲ ရေကြီးနေတာပါ။ကယ်ဆယ်ရေးစခန်းက ငါးခုဖွင့်ထားပါတယ်။ လက်ရှိတော့ လူဦးရေ ၁,၀၀၀ နီးပါးလောက် ရှိပါတယ်" ဟု အဆိုပါ သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။ 

မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းမှုကြောင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ တောနော်ရေတံခွန်အနီး၊ အာရှလမ်းမကြီးပေါ်တွင် တောင်ပြိုမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် ဒေသတွင်းသတင်းရင်းမြစ်ထံက သိရသည်။ 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ယမန်နေ့ ဩဂုတ်လ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ သောင်ရင်းမြစ်ရေသည် ၎င်း၏ စိုးရိမ်ရေမှတ်အထက် နှစ်ပေခန့် မြင့်တက်နေပြီး အဆိုပါ စိုးရိမ်ရေမှတ်များအတိုင်း လာမည့် ဩဂုတ်လ ၇ ရက်နေ့အထိ ဆက်လက်တည်ရှိနေနိုင်ကြောင်းကြောင်း သိရသည်။  

ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့ကလည်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးကားလမ်းအနီး၊ ရသေ့တောင်စခန်း‌နှင့် ကျီးကန်းပါးစပ်တို့တွင် မိုးနေ့စဉ်ရက်ဆက် ရွာသွန်းမှုကြောင့် တောင်ကျရေစီးဆင်းမှုများပြီး တောင်မြေပြိုမှု ဖြစ်ပွားခဲ့ပြီး ကျိုက်ထီးရိုးတောင်တက်ကားလမ်းတွင် မြေတင် ပိတ်ဆို့မှု ခေတ္တဖြစ်ပေါ်ခဲ့ပြီး ဒေသခံနေအိမ်အချို့၊ ဈေးဆိုင်အချို့ ပျက်စီးခဲ့ကာ စေတီနှစ်ဆူ ပျက်စီးခဲ့ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly