“ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာတည်ဆောက်” ကျေးရွာပေါင်းစုံသပိတ် ချီတက်ဆန္ဒပြ

By ပါခွီး (မဇ္ဈိမ)
06 August 2023
“ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာတည်ဆောက်” ကျေးရွာပေါင်းစုံသပိတ် ချီတက်ဆန္ဒပြ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ယနေ့ ဩဂုတ်လ ၆ ရက်တွင်ပြုလုပ်ကြသည်ဟု သိရသည်။

လူထုသပိတ်စစ်ကြောင်းသည် “ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာ တည်ဆောက်” စာတမ်း ကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများဖြင့် ချီတက်ကြခြင်း ဖြစ်သည်။

“အခုချိန်ကစပြီး ဘဏ္ဍာရေးနဲ့ စီးပွားရေးတိုက်ပွဲအလံကို အမြင့်မားဆုံးလွှင့်ထူကြဖို့နဲ့ ဖက်ဆစ်တပ်ရဲ့ ဝင်ငွေစီးပွားမှန်သမျှ ပြည်သူ့အားနဲ့ဖြတ်တောက်ရိုက်ချိုးကြပါစို့” ဟု ဆန္ဒပြပွဲဦးဆောင်သူတဦးက ပြော သည်။

စစ်ကောင်စီ၏ ပြည်တွင်းပြည်ပ ဝင်ငွေရလမ်းများ အားလုံးကို ဖြတ်တောက်နိုင်ရန် (ဖက်ဆစ်ဝင်ငွေဖြတ် တောက်) NUG အစိုးရနှင့်တကွ တော်လှန်ရေးအင်အားစုများ ဘဏ္ဍာရေးရန်ပုံငွေစနစ်များ ခိုင်မာအား ကောင်းရန် တည်ဆောက် (ပြည်သူ့ဘဏ္ဍာ တည်ဆောက်) ကြရမည်ဖြစ်ကြောင်း ဆိုသည်။

ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး ယနေ့တွင် ၈၆၇ ရက် မြောက်အဖြစ် ချီတက်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#ဆားလင်းကြီးမြို့နယ်
#ကျေးရွာပေါင်းစုံသပိတ်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly