ကော်ဘရာစစ်ကြောင်းက ကျပ်သိန်း ၅,၀၀၀ ကမ်ပိန်း ပြုလုပ်

ကော်ဘရာစစ်ကြောင်းက ကျပ်သိန်း ၅,၀၀၀ ကမ်ပိန်း ပြုလုပ်

ကော်ဘရာစစ်ကြောင်းက “လူထုအားလုံးပါဝင်ပေး Cobra စစ်ဆင်ရေး” အမည်ရှိ ကမ်ပိန်းလုပ်ဆောင်နေပြီး ကျပ်သိန်း ၅,၀၀၀ ရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။ ကမ်ပိန်းကို  သြဂုတ် ၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ တစ်လကြာပြုလုပ်မည်ဖြစ်သည်။ 

" Cobraစစ်ကြောင်းက မြွေဟောက်တွေဆိုတာ ရန်သူအပေါ် ပါးပြင်းထောင် မာန်ချီပြရုံသက်သက် မဟုတ်ဘဲ အဆိပ်ပြင်းပြင်းနဲ့ အစွမ်းပြခဲ့၊ လက်စွမ်းပြနေရုံသာမက ပန်းတိုင်ရောက်သည်အထိဖက်ဆစ်စနစ်၊ ဖက်ဆစ်တပ်ကို ဆုံးခန်းတိုင် အမြစ်ဖြတ်  ချေမှုန်းသွားမယ့် ပြည်သူ့တော်လှန်ရေးသမားတွေဆိုတာ အားလုံးအသိပါပဲ။ 

မြွေဟောက်တွေရဲ့ အဆိပ်ပြင်းတဲ့ စစ်ဆင်ရေး အတွက် လိုအပ်တဲ့ထောက်ပံ့ရေးကဏ္ဍမှာ ပြည်သူလူထု တစ်ရပ်လုံးက ပါဝင်ပေးကြဖို့ နှိုးဆော်ပါတယ်ဗျို့" ဟု ကော်ဘရာစစ်ကြောင်းက အသိပေးထားသည်။

“Cobra Column Fundraising Team ၏ Facebook Page သို့ လှူဒါန်းလိုသူများ ဆက်သွယ်နိုင်ပြီး ပြည်ပရောက်မြန်မာများအနေဖြင့် Fundraising Team များသို့ ဆက်သွယ်နိုင်ကြောင်း  ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly