ဒီးမော့ဆို အရှေ့ဖက်ခြမ်းတိုက်ပွဲ ကရင်နီ တပ်မတော် ဒု-ဗိုလ်ကျဆုံး

By ကိုဇာနည်(မဇ္ဈိမ)
04 August 2023
ဒီးမော့ဆို အရှေ့ဖက်ခြမ်းတိုက်ပွဲ ကရင်နီ တပ်မတော် ဒု-ဗိုလ်ကျဆုံး
ဓာတ်ပုံ- ဒုဗိုလ်ခူးလီးရယ်၏ စျာပနမြင်ကွင်း

ကရင်နီပြည်၊ ဒီးမော့ဆိုအရှေ့ခြမ်းတွင် သြဂုတ်လ ၂ ရက်နေ့က စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ကရင်နီတပ်မတော်(KA)အမှတ် ၅ တပ်ရင်းမှ ဒုဗိုလ်ခူးလီးရယ်ကျဆုံးသွားခဲ့သည်။

signal-2023-08-04-195658_003.jpg

ဓာတ်ပုံ- ဒုဗိုလ်ခူးလီးရယ်၏ စျာပနမြင်ကွင်း
 

ဒုဗိုလ်ခူးလီးရယ်သည် အကြမ်းဖက် စစ်ကောင်စီ ကို ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့သည်ဟုKA အမှတ် ၅ တပ်ရင်းက ယနေ့သြဂုတ်လ ၄ ရက်တွင် ထုတ်ပြန်သည်။ ထို့အပြင် ၎င်း၏ ဈာပနအခမ်းအနားကို ယနေ့ပြုလုပ်ခဲ့သည်ဟု သိရသည်။

signal-2023-08-04-195658_004.jpg

ဓာတ်ပုံ- ဒုဗိုလ်ခူးလီးရယ်၏ စျာပနမြင်ကွင်း
 

ဒုဗိုလ်ခူးလီးရယ်သည် ကရင်နီပြည်နယ် လွတ်မြောက်ရေးနှင့် စစ်အာဏာရှင်အမြစ်ပြတ်ခြေမှုန်းရေးအတွက် အစွမ်းကုန်ကြိုးစားရင်း တော်လှန်ရေးအတွက် မြင့်မြတ်စွာ အသက်ပေးဆပ်သွားခဲ့သည့်အတွက် အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်အပ်‌သည်ဟု KA အမှတ် ၅ တပ်ရင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

signal-2023-08-04-195658_005.jpg

ဓာတ်ပုံ- ဒုဗိုလ်ခူးလီးရယ်၏ စျာပနမြင်ကွင်း
 

သြဂုတ်လ ၂ ရက်နေ့ကတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်မှုကို မသိရှိရသေးပေ။လတ်တလောတွင် ကရင်နီပြည်နယ်အတွင်း ဒီးမော့ဆို-ဖရုဆို လမ်းပိုင်းနှင့် ဖားဆောင်း၊မယ်စဲ့မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များကြား စစ်ရေးတင်းမာနေသည်။

စာတည်း - မောင်ကြီး

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly