၈၆၀ ရက်မြောက်အဖြစ် ကျေးရွာပေါင်းစုံသပိတ် ချီတက်ဆန္ဒပြ

By ပါခွီး (မဇ္စျိမ)
30 July 2023
၈၆၀ ရက်မြောက်အဖြစ် ကျေးရွာပေါင်းစုံသပိတ် ချီတက်ဆန္ဒပြ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းမှ ကျေးရွာပေါင်းစုံသပိတ် ကော်မတီက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ဇူလိုင်လ ၃၀ ရက် ယနေ့တွင် ချီတက်ခဲ့ကြသည်။

ယနေ့ချီတက်ပွဲသည် ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ၈၆၀ ရက် မြောက်အဖြစ် ချီတက်ခဲ့ကြခြင်းဖြစ်သည်။

သပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြပြီး ကျဆုံးခဲ့သည့် အာဇာနည်များကိုအလေးပြုခဲ့ကြကာ သွေးသစ္စာသီချင်းကို သံပြိုင်သီဆိုခဲ့ကြောင်းသိရ သည်။

ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းမှ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required