စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တွင် စစ်ကောင်စီ စစ်ကြောင်းများကြောင့် တိမ်းရှောင်နေရသည့် ကလေးငယ် အချို့ဖျားနာပြီး ဆေးဝါးလိုအပ်နေကြောင်း ကနီမြို့နယ် နွေဦးတော်လှန်ရေး သပိတ်အင်အားစု ဦးဆောင်သူက ပြောကြားသည်။
"ကလေးတွေမှာဖျားနာတာ အဖြစ်များတယ်။ အဓိကတော့ ဆေးဝါးလိုတယ် ။ ဘယ်အဖွဲ့က ဘာထောက်ပံ့ထားလို့ လုပ်နေတာမဟုတ်ပါဘူး။ ဟိုအလှူရှင် ဒီအလှူရှင်က နည်းနည်းစီ လှူတာလေးတွေ ဆေးဝယ် စုဆောင်းပြီးမှ ဆေးဝါးဝယ်ပြီး ကိုယ်တိုင်ပဲ ရပ်တည်နေကြတာ" ဟု ကနီမြို့နယ်သပိတ်အင်အားစု ဦးဆောင်သူက မဇ္ဈိမကို ပြောသည်။
စစ်ဘေးရှောင်များသည် ရာသီအကူးအပြောင်းကြောင့် နှာစေးဖျားနာခြင်း၊ ယားနားပေါက်ခြင်းများ ဖြစ်နေကြောင်း သိရသည်။
ယနေ့ ဇူလိုင်လ ၂၉ရက်တွင် စစ်ရှောင် ၆၃ ဦးကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ရာမှ ကလေးငယ်များ ဖျားနာနေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်နေ့တွင် ကနီမြို့နယ် တောတွင်းတစ်နေရာ စစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင်ပြည်သူ ၈၆ ဦးအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများပေးအပ်ခဲ့ကြောင်း
ကနီမြို့နယ် သပိတ်အင်အားစု ဦးဆောင်သူက ပြောကြားသည်။