ဇူလိုင်လ ၂၇ ရက်က အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့ကို ရောက်ရှိလာတဲ့ သဘာဝတရားရိပ်သာဘုန်းကြီးရဲ့ စစ်ကောင်စီအပေါ်ထောက်ခံတဲ့ လုပ်ရပ်တွေကို အမေရိကန်ရောက် မြန်မာပြည်သူတွေက ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ။
ဒီကနေ့ ဇူလိုင်လ ၂၈ ရက် မနက်ပိုင်းမှာလည်း သဘာဝတရားရိပ်သာဘုန်းကြီး သီတင်းသုံးတဲ့ အိမ်ရှေ့မှာ အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေက ဆန္ဒပြခဲ့ကြပါတယ်။
သဘာဝတရားရိပ်သာဘုန်းကြီးဟာ ပြည်ပမှာရောက်နေတဲ့ တော်လှန်ရေးထောက်ပို့တွေကြားမှာ ဘာသာရေးနဲ့ ငြိမ်းချမ်းရေးကို အကြောင်းပြပြီး သွေးထိုးလှုံဆော်ဖို့အတွက်လာရောက်တာဖြစ်တဲ့ အတွက် လက်ခံစရာမရှိဘူးလို့ နွေဦးတော်လှန်ရေးရဲ့ ထောက်ပို့တစ်ဦးဖြစ်တဲ့ ပန်ဆယ်လိုက ပြောပါတယ်။
စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
#သဘာဝတရားရိပ်သာဘုန်းကြီး