မိုခါကြောင့် အပျက်အစီးများခဲ့တဲ့ ရခိုင်မှာ ကုန်ဈေးနှုန်းမြင့်တက်နေလို့ လက်လုပ်လက်စားတွေ အခက်ကြုံ (ရုပ်/သံ)

By မဇ္ဈိမ 
27 July 2023
မိုခါကြောင့် အပျက်အစီးများခဲ့တဲ့ ရခိုင်မှာ ကုန်ဈေးနှုန်းမြင့်တက်နေလို့ လက်လုပ်လက်စားတွေ အခက်ကြုံ (ရုပ်/သံ)

အင်အားပြင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဝင်ရောက်တိုက်ခတ်လို့ အပျက်အစီးများခဲ့တဲ့ ရခိုင်ပြည်နယ်မှာ အခြေခံကုန်ဈေးနှုန်းတွေ မြင့်တက်နေလို့ လက်လုပ်လက်စားတွေနဲ့ နေ့စားအလုပ်သမားတွေ အခက်အခဲ ကြုံနေကြရပါတယ်။

 

မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက်မှ အခုလို ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာလို့ စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှာ နေထိုင်သူတစ်ဦးက မဇ္ဈိမကို ပြောပါတယ်။

 

ပုံမှန်အခြေအနေမှာတောင် အလုပ်အကိုင် ရှားပါးတဲ့ ရခိုင်ပြည်နယ်မှာ အခုလို ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေဟာ သာမန်အခြေခံ လူတန်းစားတွေအတွက်တော့ ကြီးလေးတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်စေတာပါ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly