ဆွေးနွေးပွဲများပျက်ပြားပြီးနောက် ယူကရိန်းသို့ ဓါတ်ငွေ့ပေးပို့ရောင်းချမှု ရုရှရပ်တန့်

ဆွေးနွေးပွဲများပျက်ပြားပြီးနောက် ယူကရိန်းသို့ ဓါတ်ငွေ့ပေးပို့ရောင်းချမှု ရုရှရပ်တန့်

မော်စကို၊ ဇူလိုင် ၁ ။         ။ ဈေးနှုန်းသတ်မှတ်ရေးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲများ ပျက်ပြားပြီးနောက် ယူကရိန်းသို့ ဓါတ်ငွေ့ပေးပို့ရောင်းချမှုအား ရုရှက ရပ်တန့်လိုက်ပြီဖြစ်ကြောင်း ရုရှဓါတ်ငွေ့ကုမ္ပဏီ ဂက်ဇ်ပရွမ်က ဇူလိုင် ၁ တွင် အတည်ပြုပြောကြားလိုက်သည်။

ယူကရိန်း၏ နိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီ Naftogaz က ရုရှထံမှ ဓါတ်ငွေ့ဝယ်ယူမှုရပ်ဆိုင်း ထားမည်ဖြစ်ကြောင်း ကြေညာ ပြီးနောက် နောက်တစ်နေ့တွင်ရုရှ၏ အတည်ပြုချက်ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ Naftogsz နှင့် Gaspron ကြား နောက်ထပ် သဘောတူညီမှုမှာ ဇွန် ၃၀တွင် သက်တမ်းကုန်သည်ဟု နာဖ်တိုဂက်ဇ်က ဇွန် ၃၀တွင် ပြောကြားခဲ့သည်။.

ရုရှားက ယူကရိန်းသို့ ဓါတ်ငွေ့လောင်စာ ပေးပို့ရောင်းချမှုရပ်ဆိုင်းခြင်းမှာ တစ်နှစ်အတွင်း ဒုတိယအကြိမ်ဖြစ်သည်။ ရုရှသည် ကိဗ်ရှိယူကရီန်းအစိုးရနှင့် ရုရှားလိုလားသော သူပုန်များကြား ပဋိပက္ခမြင့်မားစဉ် ၂၀၁၄ခုနှစ် ဇွန်လက ရုရှားက ဓါတ်ငွေ့ပို့လွှတ်မှု ကို ရပ်ဆိုင်းခဲ့သည်။

ယူကရိန်းသည် တစ်နှစ်လျင် ဓါတ်ငွေ့ကုဗမီတာ ၅၀ဘီလျံမီတာအသုံးပြုပြီး ၂၀ကုဗစင်တီမီတာ၂၀ဘီလျံထုတ်လုပ်သည်။ သို့သော်လည်း ကျန်သည့်ပမာဏကို ပြည်ပမှတင်သွင်းသည်။

ပျမ်းမျှအားဖြင့် ယူကရိန်းသည် ပျှမ်းမျှအပူချိန် သုညဒီကရီစင်တီဂရိတ်အောက်ကာလကို တစ်နှစ်လေးလခံစားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly