စစ်ကိုင်းနဲ့ မကွေးက ရဲတပ်ဖွဲ့ဝင်တွေကို ဆုပေးပြီး တာဝန်ထမ်းချင်အောင် ဆွဲဆောင် (ရုပ်/သံ) 

By လင်းသူရိန် (မဇ္ဈိမ)
24 July 2023
စစ်ကိုင်းနဲ့ မကွေးက ရဲတပ်ဖွဲ့ဝင်တွေကို ဆုပေးပြီး တာဝန်ထမ်းချင်အောင် ဆွဲဆောင် (ရုပ်/သံ) 

နေပြည်တော်မှာတည်နေတဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရဲ့  တည်ထားကိုးကွယ်ရေး လုပ်ငန်းစဉ်တွေနဲ့ နိုင်ငံတော်တည်ဆောက်ရာမှာ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြတဲ့ ဆရာတော်တွေ၊ လူ ပုဂ္ဂိုလ်တွေကို ဂုဏ်ထူးဆောင်ဘွဲ့တွေနဲ့ ဆုတံဆိပ်တွေချီးမြှင့်လိုက်တယ်ဆိုပြီး စစ်ကောင်စီထိန်းချုပ် ထားတဲ့ မီဒီယာတွေက ထုတ်ပြန်ပါတယ်။

အဲဒီလိုထုတ်ပြန်တဲ့အထဲမှာ ရဲတပ်ဖွဲ့ဝင်တွေကိုပေးအပ်တဲ့ ရဲသူရတံဆိပ်နဲ့ ရဲဗလတံဆိပ်တွေလည်း ပါဝင် တာ တွေ့ရပါတယ်။ ရဲသူရတံဆိပ်အတွက် ကိုးဦးနဲ့ ရဲဗလတံဆိပ်အတွက် ၃၆ ဦး၊ စုစုပေါင်း ၄၅ ဦးကို ချီးမြှင့်တယ်လို့ စစ်ကောင်စီက ကြေညာတာ ဖြစ်ပါတယ်။

အထူးသဖြင့် အဲဒီ ၄၅ ဦးလုံးဟာ စစ်ကောင်စီနဲ့ တော်လှန်ရေးအဖွဲ့တွေအကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း နဲ့မကွေးတိုင်းထဲက ရဲတပ်ဖွဲ့ဝင်တွေပါ။

တင်ဆက်၊တည်းဖြတ် - လင်းသူရိန်

#Mizzima
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly