Iceland မီးတောင်ပေါက်မှု ဧည့်သည်တွေ တအံ့တသြ သွားကြည့် | VOA On Mizzima

By မဇ္ဈိမ 
21 July 2023
Iceland မီးတောင်ပေါက်မှု ဧည့်သည်တွေ တအံ့တသြ သွားကြည့် | VOA On Mizzima

Iceland နိုင်ငံက Litli-Hrútur (လစ်တလီ ဟျူးတို) မီးတောင် ပေါက်ကွဲနေတဲ့အတွက် ဧည့်သည်တွေ အနားမကပ်ကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။ ဒါပေမယ့်လည်း အန္တရာယ်များတဲ့ ချော်ရည်တွေနဲ့ ပေါက်ကွဲနေတဲ့ မီးတောင်ကို ရင်သပ်ရှုမောဖြစ်ပြီး အနားကပ်ကြည့်ဖို့ လာကြတဲ့သူတွေအများကြီးရှိနေတာပါ။ Reykjavik (ရေးကဗစ်)မြို့တော်နဲ့ ၁၈ မိုင်လောက်ဝေးတဲ့နေရာက မီးတောင်က ဇူလိုင်လလယ်မှာ ပေါက်ကွဲပြီး ဓာတ်ငွေ့တွေလည်း ထွက်နေတာပါ။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly