လူမျိုးတုန်း သတ်ဖြတ်မှု ထပ်ကြုံမှာကို စိုးရိမ်တယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ပြော

By မဇ္ဈိမ 
20 July 2023
လူမျိုးတုန်း သတ်ဖြတ်မှု ထပ်ကြုံမှာကို စိုးရိမ်တယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ပြော

ရခိုင်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ဖြစ်ပျက်ခဲ့တဲ့ လူမျိုးတုန်း သတ်ဖြတ်မှု Genocide လို  အဖြစ်အပျက်မျိုး ထပ်ကြုံရမှာကို စိုးရိမ်တယ်လို့ တစ်ဘက် ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေက မဇ္ဈိမကို ပြောပါတယ်။

 

ဘင်ဂလာဒေ့ရှ်နိုင်ငံဟာ သေးငယ်တဲ့ နိုင်ငံတစ်ခုဖြစ်တာကြောင့် ရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းကျော် နေထိုင်ဖို့၊ ရိက္ခာ၊ ရေနဲ့ အိမ်သာတွေ အခက်အခဲရှိတယ် လို့လည်း ပြောပါတယ်။

 

ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်ဖို့ ညွှန်ကြားခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လက်ရှိမှာ အာဏာသိမ်းပြီး အရပ်သားပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေတယ်လို့ လူ့အခွင့်အရေး ကိုယ်စားလှယ် တွမ်အင်ဒရူးက ဇွန်လအတွင်းမှာ ပြောကြားထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly