တွံတေးတွင် တူးမြောင်းကမ်းပါးပြိုကျ

တွံတေးတွင် တူးမြောင်းကမ်းပါးပြိုကျ

ရန်ကုန်၊ ဧပြီ ၄ ။               ။ ယနေ့နံနက် ၉ နာရီခန့်တွင် တွံတေးမြို့နယ်၊ အိုးဖိုအနောက် ရပ်ကွက်အနီး၌ တွံတေးတူးမြောင်းကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့ပြီး ပျဉ်ထောင်အိမ် တစ်လုံးနှင့် ဓနိမိုး ထရံကာ အိမ်တစ်လုံး မြစ်အတွင်းသို့ ပြိုကျခဲ့ကြောင်း တွံတေးမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးအောင်မင်းက ပြောသည်။

“ ၉ နာရီလောက်က စပြိုပါတယ်။ ပျဉ်ထောင်အိမ်တစ်လုံးနဲ့ ဓနိမိုး ထရံကာအိမ်တစ်လုံးတော့ မြစ်ထဲပါသွားတယ်။ လူထိခိုက်ဒဏ်ရာရမှုတော့ မရှိပါဘူး” ဟု တွံတေးမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးအောင်မင်းက ပြောသည်။

ထို့အပြင် ယင်းဖြစ်ပွားရာနေရာအနီးမှ ပျဉ်ထောင်အိမ် ၃ လုံးအား အခြေအနေ စိုးရိမ်ရသောကြောင့် ပြောင်းရွေ့ဖြိုဖျက်နေကြာင်း၊ မြို့နယ် ဦးစီးဌာနအသီးသီးမှ ဝိုင်းဝန်းကူညီဆောင်ရွက်နေကြောင်း ၎င်းကပြောသည်။

တွံတေးတူးမြောင်း ကမ်းပါးပြိုမှုသည် လွန်ခဲ့သည့် ၁၂ နှစ်ခန့်ကတည်းက စတင်ပြိုကျခဲ့ခြင်း ဖြစ်ပြီး နှစ်စဉ်ပြိုကျမှုများ ရှိနေကာ လူနေအဆောက်အဦးများ၊ ခြံမြေယာမြေများ ဆုံးရှုံးလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly