လေကြောင်းတိုက်ခိုက်မှုများကြောင့် မကွေး ခရိုင်အမှတ် (၂ ) တပ်ရင်းတွင် အာဇာနည်နေ့ အခမ်းအနား အကျဉ်းချုံးကျင်းပ 

By မောင်ခက်နွေ (မဇ္ဈိမ) 
19 July 2023
လေကြောင်းတိုက်ခိုက်မှုများကြောင့် မကွေး ခရိုင်အမှတ် (၂ ) တပ်ရင်းတွင် အာဇာနည်နေ့ အခမ်းအနား အကျဉ်းချုံးကျင်းပ 

ယနေ့   ၂၀၂၃ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ကျရောက်သည့် (၇၆)  ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို မကွေးခရိုင် အမှတ် (၂ ) တပ်ရင်းတွင် ရဲဘော်များက အကျဥ်းချုံး ကျင်းပပြုလုပ်ကြောင်း သိရသည်။

မကွေးတိုင်းအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု  ပြုလုပ်နေ၍ ထိုသို့ အကျဥ်းချုံးသား ကျင်းပခဲ့ခြင်းဖြစ်ကြောင်း  မကွေးခရိုင် အမှတ် (၂ ) တပ်ရင်း၏  တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။ 

“ဒီနေ့မကွေးတိုင်းထဲမှာပဲ လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်ထားတာရှိတယ် ။ ပြီးတော့ Fighter တွေလည်းဝဲတာရှိတယ်” ဟု ၎င်းက  ဆိုသည်။ 

လေကြောင်းတိုက်ခိုက်ခံရမှုများနှင့် ပတ်သက်သည့်  မြေပြင် အခြေအနေများကို မဇ္ဈိမအနေနှင့် လတ်တလော အတည်မပြုနိုင်သေးပေ။ 

“အဲ့ဒါကတော့ အဲ့ဘက်နယ်မြေအဖွဲ့အစည်းတွေကနေ ထုတ်ပြန်မှပဲ ပြောခွင့်ရှိမယ်ဗျ။ လက်ရှိမှာတော့ မြေပြင်အခြေအနေလေးတွေ မငြိမ်သေးလို့” ဟု ၎င်းတာဝန်ရှိသူက ပြောသည်။ 

အခမ်းအနားကို ယနေ့ နံနက်၁၀ နာရီခွဲတွင် ပြုလုပ်ခဲ့ပြီး  ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၊ နွေဦးတော်လှန်ရေးနှင့် စစ်အာဏာရှင်တော်လှန်ရေးသမိုင်းတစ်လျောက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြသော အာဇာနည်သူရဲကောင်းများအား အလေးပြုခြင်း အခမ်းအနားကို ကျွန်ုပ်တို့ မကွေးခရိုင်၊ အမှတ်(၂)တပ်ရင်းက ရဲဘော်များက မကွေးတိုင်းတော်လှန်ရေးနယ်မြေ တစ်နေရာတွင် ပြုလုပ်ကျင်းပသည်ဟု ကွေးခရိုင် အမှတ် (၂ )တပ်ရင်းက ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly