စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ် ချီတက်ဆန္ဒပြ ( ရုပ်သံ )

By ပါခွီး (မဇ္စျိမ)
18 July 2023
စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ် ချီတက်ဆန္ဒပြ ( ရုပ်သံ )

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာများမှစုပေါင်း  စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ဇူလိုင်လ ၁၈ရက် ယနေ့တွင်ဆက်လက်ချီ တက်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “အာဇာနည်မျိုးသေရိုးမရှိ” ဆိုသည့် စာတန်းကို ကိုင်စွဲ ပြီး စစ်အာဏာရှင်ဆန့်ကျင်သည့် ကြွေးကြော်သံများ ဟစ်ကြွေး ချီတက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ဆန္ဒပြ ချီတက်မှုသည် ရွာပေါင်းစုံသပိတ်စစ်ကြောင်း၏ စစ်အာဏာရှင်ဆန့် ကျင်ရေး ရက်ပေါင်း (၈၄၈) မြောက်ဖြစ်ပြီး ချီတက်မှုအပြီး ကျဆုံးခဲ့သည့် အာဇာနည်များ အလေးပြုခြင်း ၊ သွေးသစ္စာသီချင်သံပြိုင်သီဆိုခြင်းနှင့် ကြွေးကြော်သံများဖြင့်အဆုံး သတ်ခဲ့ကြသည်။

ယင်းမာပင်နှင့် ဆာလင်းကြီး ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင် ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly