ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တရုတ်၊ရှရှားတို့နှင့်တွေ့ဆုံကာ မြန်မာ့အရေးဆွေးနွေး

By မဇ္ဈိမ 
17 July 2023
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တရုတ်၊ရှရှားတို့နှင့်တွေ့ဆုံကာ မြန်မာ့အရေးဆွေးနွေး

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးပြီးနောက်ရက်ပိုင်းအကြာမှာ မြန်မာ့အရေးအတွက် တရုတ်နဲ့ ရှရှားတို့နဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

တရုတ်နိုင်ငံရဲ့ အကြီးတန်း သံတမန် ဝမ်ယိနဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ် ဝီနိုင်းတို့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာ တွေ့ဆုံပြီး မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ အမြင်ချင်း ဖလှယ်ခဲ့ကြတာဖြစ်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ကတော့ထိုင်းနိုင်ငံကိုရောက်ရှိနေစဉ် မစ္စတာ ဒွန်နဲ့တွေ့ဆုံကာ မြန်မာ့အရေးဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

မြန်မာ့အရေး နိုင်ငံရေးအရ အဖြေရှာရာမှာ တရုတ်နိုင်ငံအနေနဲ့ အရေးပါသောအခန်းကဏ္ဍက ဆက်လက်ပါဝင်ဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်းက ပြောဆိုခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အလားတူ တရုတ်နိုင်ငံ အဆင့်မြင့်သံတမန် ဝမ်ရိကလည်း အာဆီယံအနေနဲ့ ၎င်းတို့ရဲ့ နည်းလမ်းဖြင့် မြန်မာနိုင်ငံအရေးကို ဖြေရှင်းခြင်းနဲ့ နိုင်ငံများအားလုံး လက်ခံသော လမ်းပြမြေပုံအား ဆောင်ရွက်ခြင်းများအတွက် ထောက်ခံကြောင်း ပြောဆိုခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly