ရွှေဘိုမြို့မဈေးတွင် ပေါက်ကွဲမှုဖြစ်ပွါး၍ ဘုန်းကြီးအပါအဝင်  ၈ ဦးထိခိုက်ဒဏ်ရာရ

By 007 (မဇ္စျိမ)
16 July 2023
ရွှေဘိုမြို့မဈေးတွင် ပေါက်ကွဲမှုဖြစ်ပွါး၍ ဘုန်းကြီးအပါအဝင်  ၈ ဦးထိခိုက်ဒဏ်ရာရ
ဓာတ်ပုံ-ပုံဟောင်း

စစ်ကိုင်းတိုင်း၊  ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက် ရွှေဘိုမြို့မဈေးအတွင်း ယနေ့ ဇူလိုင်လ ၁၆ ရက် နံနက် ၇ နာရီခွဲခန့်က ပေါက်ကွဲမှု နှစ်ကြိမ်ဆက်တိုက် ဖြစ်ပွါးရာ ဘုန်းကြီးတစ်ပါး အပါအ၀င် ရှစ်ဦးထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံက သိရသည်။

"ငါးဈေးတန်းက ဈေးအိမ်သာနဲ့ကပ်လျက်မှာ ဗုံးပေါက်တာ၊ နှစ်လုံးဆက်တိုက်ပေါက်တယ်။ မိနစ်ပိုင်းလေးပဲခြားပြီး ပေါက်တာပါ။ ဦးဇင်းတစ်ပါး ဗုံးစမှန် တယ်။ နောက်ပြီးတော့ ကလေးသုံးယောက်၊ လူကြီးလေးယောက် အားလုံးပေါင်းရှစ်ယောက်ဒဏ်ရာရတယ်၊ မစိုးရိမ်ရတဲ့ဒဏ်ရာတွေပါ" ဟု မြို့ခံတစ်ဦးက ပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ Drop Bomb နှစ်လုံးပစ်ချ ဖောက်ခွဲသွားခြင်းဖြစ်ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူများအား ရွှေဘိုဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း စစ်‌ ကောင်စီ၏သတင်းများကို ဝါဒဖြန့်ပေးနေသည့် တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သွားခြင်းဖြစ်ကြောင်း ထုတ်ပြန်လာခြင်း မရှိသေးပေ။

စာတည်း။      ။ ဖူးသိမ်ကျ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly