ပုလောတွင် ပျူစောထီးအဖွဲ့ဝင်များ၏ နေအိမ် ၄ လုံးနှင့် ဥယျာဉ်ခြံကို PDF အဖွဲ့က ပြည်သူပိုင် အဖြစ် သိမ်းဆည်း

By ကိုရွှေမြိတ် (မဇ္ဈိမ)
12 July 2023
ပုလောတွင် ပျူစောထီးအဖွဲ့ဝင်များ၏ နေအိမ် ၄ လုံးနှင့် ဥယျာဉ်ခြံကို PDF အဖွဲ့က ပြည်သူပိုင် အဖြစ် သိမ်းဆည်း

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာအုပ်စု နတ်အိမ်တောင်ကျေး ရွာမှ စစ်ကောင်စီထောက်တိုင် ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့ဝင်များပိုင်ဆိုင်သော နေအိမ်လေးလုံးနှင့် ဥယျာဉ်ခြံတခြံကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ဇူလိုင်လ ၁၁ ရက်နေ့က ပြည်သူပိုင်အဖြစ် သိမ်း ဆည်းချိပ်ပိတ်လိုက်ကြောင်း ပူရိယက္ခညီနောင်စစ်ကြောင်းထံမှ သိရသည်။

ပူရိယက္ခညီနောင်စစ်ကြောင်းပြန်ကြားရေးတာဝန်ခံက“ဟုတ်ပါတယ်၊ကျွန်တော်အဖွဲ့မနေ့ကသွားရောက် စာကပ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိလည်း အဲဒီပျူတွေက နေအိမ်မှာမရှိတာ အတော်ကြာနေပြီ”ဟု ပြော သည်။

ပုလောမြို့နယ် ပုလောကုန်းကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်၊ ပျူစောထီးအဖွဲ့နှင့် ပြည်သူ့ကာကွယ် ရေးပူးပေါင်းအဖွဲ့တို့ကြား မကြာခဏထိတွေ့ပစ်ခတ်မှုများကြောင့် နတ်အိမ်တောင်ကျေးရွာနေ ပျူစော ထီးအဖွဲ့ဝင်များသည် လက်ရှိအချိန်ထိ နေအိမ်စွန့်ခွာတိမ်းရှောင်နေကြောင်း ဒေသခံများထံမှသိရသည်။

“သူတို့က ရွာသားတွေအပေါ်မှာ ဂုတ်သွေးစုတ်နေတာကြာပြီ။ နည်းမျိုးစုံနဲ့ ငွေကြေးကောက်ခံတာလည်း အမြဲတမ်း လုပ်နေကြတာ” ဟု နတ်အိမ်တောင်ကျေးရွာမှ ဒေသခံတဦးက ပြောဆိုသည်။

အဆိုပါ ပျူစောထီးအဖွဲ့ဝင်များသည် ကျေးရွာနေ ပြည်သူများထံမှအပြင် ပုလောမြို့ပေါ်သို့ပါ မကြာခဏ သွားရောက် ငွေကြေးကောက်ခံလေ့ရှိသည့်အပြင် တိုက်ပွဲကြောင့် မြို့ပေါ်သို့စစ်ရှောင်သည့် ဒေသခံများ ၏နေအိမ်များကိုလည်း အကြောင်းမဲ့ ချိပ်ပိတ်ခြင်းများ ပြုလုပ်လေရှိကြောင်း ဒေသခံများကပြောဆို သည်။

လက်ရှိ နေအိမ်နှင့် ဥယျာဉ်ခြံ ချိပ်ပိတ်သိမ်းဆည်းခံရသူများထဲတွင် ပျူစောထီးနှင့် စစ်ကောင်စီ ထောက် ခံသူ သတင်းပေးများလည်းပါဝင်ကြောင်း ပူရိယက္ခညီနောင် စစ်ကြောင်းထံမှ သိရသည်။

အဆိုပါ ပျူစောထီးများ၏နေအိမ်များနှင့် ဥယျာဉ်ခြံတို့ကို မဟာမိတ်တပ်ပေါင်းစုဖြစ်သော ကရင်အမျိုး သား ကာကွယ်ရေးတပ်မတော်(KNDO)နှင့် ပူရိယက္ခညီနောင်မဟာမိတ်တပ်ပေါင်းစုက သွားရောက်သိမ်း ဆည်းချိပ်ပိတ်ခဲ့ခြင်းဖြစ်သည်။

ပုလောကုန်းကျေးရွာအုပ်စု၊ နတ်အိမ်တောင်ကျေးရွာတွင် စစ်ကောင်စီပျူစောထီးပူးပေါင်းအဖွဲ့နှင့် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲပေါင်း ၂၀ ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း PDF တပ်ဖွဲ့ဝင်များထံမှ သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly