ဒေသ ၄ခု နေရာကွက်မိုးကြီးနိုင်ကြောင်း NUGသတိပေး

By ရောင်နီ (မဇ္စျိမ)
11 July 2023
ဒေသ ၄ခု နေရာကွက်မိုးကြီးနိုင်ကြောင်း NUGသတိပေး
Photo - ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဇွန်လအတွင်းက မိုးကြီးခဲ့ပြီး ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့စဉ်

ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ ဆက်လက်အားကောင်းနေပြီး တိုင်းနှင့်ပြည်နယ်လေးခု၌ နေရာကွက်၍မိုးကြီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာနက (MOHADM) က သတင်းထုတ်ပြန်သည်။ 

ဇူလိုင်လ ၁၀ ရက်နေ့မှ ဇူလိုင်လ ၁၆ ရက်နေ့အထိ ဖြစ်န်ိုင်ဖွယ် မိုးလေ၀သအခြေအနေကို ယမန်နေ့ ဇူလိုင်လ ၁၀ရက်က  ထုတ်ပြန်ရာတွင် ယင်းကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။ 

မြန်မာ့ကမ်းရိုးတန်းဒေသများနှင့်  မြောက်ပိုင်းဒေသများတွင် မိုးပိုလာနိုင်ပြီး   ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနသ်ာရီတိုင်းနှင့် ကချင်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု ဖော်ပြထားသည်။ 
 
ထို့အပြင် မြန်မာနိုင်ငံအနှံ့တွင် နေရာကွက်ကျား မိုးရွာသွန်းနိုင်ကြောင်း MOHADMက  ခန့်မှန်းထားသည်။ မိုးကြီးမည့်သတိပေးချက်အပြင်  မြို့ပြနှင့် မြစ်ချောင်းများ ရေကြီး၊ရေလျှံနိုင်ခြေရှိကြောင်းလည်း MOHADM က သတိပေးထားသည်။ 

စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနကလည်းဧရာဝတီနှင့်ချင်းတွင်းမြစ်အပါအဝင် ဒေသတွင်းမြစ်ချောင်းများ ရေတိုးလာနိုင်ကြောင်း  သတိပေးချက်ထုတ်ပြန်ထားသည်။ဧရာ၀တီမြစ်၊ ချင်းတွင်းမြစ်၊ မြစ်သာမြစ်၊ စစ်တောင်းမြစ်၊ ရွေကျင်မြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ င၀န်မြစ်၊ ကုလားတန်မြစ်၊ လေးမြို့မြစ်နှင့် ဘီးလင်းမြစ်ရေများသည် ယခု ဇူလိုင်လ ဒုတိယ ဆယ်ရက်ပတ်ကာလ( ဇူလိုင်လ  ၁၀ရက်မှ ဇူလိုင်လ ၂၀ရက်)အတွင်း ၁ ပေမှ ၃ ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်းမိုးဇလဌာနပ ကယနေ့ ဇူလိုင်လ ၁၁ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly