လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်

By ကိုရွှေမြိတ် (မဇ္ဈိမ)
09 July 2023
လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ယနေ့ ဇူလိုင်လ ၉ ရက် မွန်းလွဲပိုင်း တွင် လောင်းလုံးမြို့နယ်၌ ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

လူထုသပိတ်လှုပ်ရှားမှုကို “ 7 July စိတ်ဓာတ်ကိုင်ဆွဲကြ၊ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းကြ” စာတန်းကိုင်ဆောင်၍ ချီတက်ခဲ့ကြပြီး အမျိုးသမီးများ၊ လူငယ်များနှင့် ဒေသခံပြည်သူများ ပူးပေါင်းပါဝင် ခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required