ဆဒုံးတိုက်ပွဲတွင် KIA ၏ ရှေ့တန်းတပ်စခန်းငယ် တပ်ဆုတ်လိုက်ရ

By အဂမ် (မဇ္ဈိမ)
05 July 2023
ဆဒုံးတိုက်ပွဲတွင် KIA ၏ ရှေ့တန်းတပ်စခန်းငယ် တပ်ဆုတ်လိုက်ရ
ပုံဟောင်း

ကချင်ပြည်နယ်၊ ဆဒုံးဒေသတွင်ဖြစ်ပွားနေသော တိုက်ပွဲများအတွင် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)၏ ရှေ့တန်းတပ်စခန်းငယ်တခုကို တပ်ဆုတ်ပေးလိုက်ရကြောင်း စစ်ရေးသတင်းရင်း မြစ်များက အတည်ပြုသည်။

ရက်သတ္တပတ်ကျော်အထိ စစ်ရေးပြင်းထန်နေသည့် ဆဒုံး-ကန်ပိုက်တီလမ်းပိုင်းရှိ KIA တပ်စွဲထားသည့် လဂတ်တောင်မှ ရှေ့တန်းတပ်စခန်းငယ် တပ်ဆုတ်ပေးလိုက်ရခြင်းဖြစ်ကောင်း ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုအပြင် စစ်ကောင်စီတပ်နှင့် လီဆူဌာနေပြည်သူ့စစ်အဖွဲ့တို့ပူးပေါင်းပြီး အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသောကြောင့် အဆိုပါ ရှေ့တန်းတပ်စခန်းငယ် နောက်ဆုတ်ပေးလိုက်ရ ခြင်းဖြစ်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောကြားသည်။

“တိုက်ပွဲက ၁၀ ရက်လောက်ဖြစ်လာပြီလေ။ သူတို့ စစ်တပ်ဘက်ကလည်း အထိနာလို့ လေကြောင်းကနေ နေ့တိုင်းလို လာပစ်ကူတာလည်းရှိတယ်။ ဒီအခြေအနေမှာ ကျနော်တို့ဘက်ကလည်း လက်နက်ကြီးကျည် နဲ့ လေယာဉ်ကျည်တို့ကို ဆက်ပြီးအန်တုဖို့ မဖြစ်နိုင်တာကြောင့် ဆုတ်ခွာလိုက်တာပါ” ဟု သတင်းရင်းမြစ် က ဆိုသည်။

ဇွန်လ ၂၆ ရက်နေ့မှကစပြီး ဝိုင်းမော်မြို့ ခလရ (၅၈)တွင် တပ်ရင်း၌ အထိုင်ချတပ်စွဲထားသည့် ခမရ(၃၈၄) တပ်က လီဆူဌာနေပြည်သူ့စစ်နှင့်အတူ ဆဒုံး-ကန်ပိုက်တီလမ်းကြောင်းကို နယ်မြေရှင်းလင်းရေးခေါင်း စဉ်ဖြင့် KIA တပ်မဟာ(၅)၊ တပ်ရင်း(၃)နယ်မြေဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာရာမှ တိုက်ပွဲများ ပြင်းထန်နေခဲ့ခြင်းဖြစ်သည်။

နှစ်ဖက် ထိတွေ့တိုက်ပွဲများပြင်းထန်လာခြင်းကြောင့် ဇူလိုင် ၄ ရက်နေ့တွင် KIA က လဂတ်ကောင် ရှေ့ တန်းစခန်းကို နောက်ဆုတ်ပေးလိုက်ရခြင်းဖြစ်သည်။
အဆိုပါ နှစ်ဖက်ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်နှင့် KIA နှစ်ဖွဲ့စလုံးမှ ထိခိုက်သေဆုံးမှုများ ရှိကြောင်း သတင်းရင်မြစ်များကဆိုသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

လက်ရှိတွင် နှစ်ဖက်စစ်ရေးတင်းမာနေခြင်းကြောင့် ဆဒုံး-ကန်ပိုက်တီလမ်းတွင် ခရီးသွားယာဉ်များ ဖြတ် သန်းသွားလာခွင့်ကို စစ်ကောင်စီတပ်က တားမြစ်စစ်ဆေး၊ ကန့်သတ်ခြင်းများလုပ် ဆောင်နေကြောင်း သိရသည်။

ဆဒုံး-ကန်ပိုက်တီလမ်းပိုင်း၌ စစ်ရေးတင်းမာနေစဉ် ဇွန်လ ၂၇ ရက်နေ့က မြစ်ကြီးနား၊ နမ့်ကျင် စီးပွားရေး ဇုံအတွက် ဆွေးနွေးရန်လာရောက်သော ယူနန်ပြည်နယ်တရုတ်ကောင်စီဝန်ရုံးအဖွဲ့၏ ရှေ့ပြေးယာဉ်တန်း မှ ကားတစ်စီးပစ်ခတ်ခံခဲ့ရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required