မြိတ်မြို့၊ တုံးဗျောရွာရှိ စစ်ကောင်စီတပ်၏ယာယီဂိတ်စခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ

By ကိုရွှေမြိတ် (မဇ္ဈိမ)
05 July 2023
မြိတ်မြို့၊ တုံးဗျောရွာရှိ စစ်ကောင်စီတပ်၏ယာယီဂိတ်စခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊  တုံးဗျောကြီးကျေးရွာအုပ်စု၊ တုံးဗျောကြီးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်၏ ယာယီဂိတ်စခန်းကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့က ဇူလိုင်လ ၅ ရက်တွင်ထုတ်ပြန်သည်။

မြိတ်-တနင်္သာရီလမ်းပိုင်း၊ တုံးဗျောကျေးရွာရှိ တုန်းဗျောကြီးရွာ စာသင်ကျောင်းအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ကိုPDF အဖွဲ့က ဇူလိုင်လ ၄ ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် လက်နက်ငယ်၊ ဒရုန်းတို့ဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ ဘယ်နှစ်ဦးသေလည်းဆိုတာ သေချာမသိရဘူး။ လမ်းပေါ်မှာ စစ်ကောင်စီတပ်သား နှစ်ယောက်လောက် သေနေတာတော့ တွေ့ရတယ်။ တိုက်ပွဲပြီးတော့ အရေးပေါ်ကားတွေ လာတာတွေ့ရတယ်” ဟု တုံးဗျောကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် တနင်္သာရီမြို့နယ်တွင် စစ်ရေးတင်းမာနေ၍ PDF ပူးပေါင်းတပ်ဖွဲ့က ဇွန်လ ၃၀ ရက်နေ့မှ စတင်ပြီး အနီရောင်အဆင့် သတ်မှတ်ကာ ညပိုင်းအချိန်တွင် ပြည်သူများအား ခရီးသွားလာခြင်း မပြုလုပ်ရန် သတိပေး ထုတ်ပြန်ထားသည်။

စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly