နိုင်ငံပိုင်ဘဏ်နှစ်ခုအပိတ်ခံရပြီးနောက် ဒေါ်လာဈေးကွက်ကို အလုံးစုံထိန်းချုပ်ဖို့ကြိုးစားနေတဲ့ စစ်ကောင်စီ

By မဇ္ဈိမ 
03 July 2023
နိုင်ငံပိုင်ဘဏ်နှစ်ခုအပိတ်ခံရပြီးနောက် ဒေါ်လာဈေးကွက်ကို အလုံးစုံထိန်းချုပ်ဖို့ကြိုးစားနေတဲ့ စစ်ကောင်စီ

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB)တို့ကို အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ပြီး မကြာခင်မှာပဲ စစ်ကောင်စီဟာ ဒေါ်လာ ဈေးကွက်ကို အလုံးစုံထိန်းချုပ်ဖို့ကြိုးစားခဲ့တာတွေ့ရပါတယ်။နိုင်ငံပိုင်ဘဏ်နှစ်ခုကို အမေရိကန်က အရေးယူပိတ်ဆို့လိုက်တဲ့ နေ့မှာပဲ စစ်ကောင်စီ ဗဟိုဘဏ်က "နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ဘဏ်နဲ့ Customer အကြား ၊ Customer အချင်းချင်းအကြား အရောင်းအဝယ်တွေကိုအွန်လိုင်းနဲ့ မြန်မာနိုင်ငံတာ်ဗဟိုဘဏ်ကို တင်ပြရောင်းဝယ်ရန်ကိစ္စ" ဆိုပြီး ဒေါ်လာရောင်းဝယ်မှုကိုကန့်သတ်လိုက်တဲ့ ညွှန်ကြားချက်ကို ဇွန် ၂၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပါ တယ်။ ထုတ်ပြန်ချက်ထဲမှာ ဒေါ်လာရောင်းလိုသူ၊ ဝယ်လိုသူ၊ ဘာကြောင့်ရောင်းလိုဝယ်လိုတဲ့အကြောင်းပြချက်၊ ဈေးနဲ့ ရောင်းဝယ်လိုတဲ့ပမာဏ၊ ဝင်ငွေရလမ်း၊ ကုမ္ပဏီအထောက်အထား အစရှိတဲ့ အသေးစိတ် အချက်အလက် တွေကို စိစစ်တောင်းခံစေပြီး အချက် ၉ ချက်ပါတဲ့ ညွန်ကြားချက်နဲ့ ထိန်းချုပ်ကန့်သတ်ဖို့ ကြိုးစားထားခဲ့တာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required