ပြင်ဦးလွင်အဆင်းလမ်း မိုင်တိုင် ၁၇ အနီးတွင် တွဲကားချောက်ထဲကျပြီး ယာဉ်မောင်းသေဆုံး

By 007 (မဇ္ဈိမ)
03 July 2023
ပြင်ဦးလွင်အဆင်းလမ်း မိုင်တိုင် ၁၇ အနီးတွင် တွဲကားချောက်ထဲကျပြီး ယာဉ်မောင်းသေဆုံး

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-ပြင်ဦးလွင်အဆင်းလမ်း မိုင်တိုင် ၁၇ အနီးတွင် ယနေ့ ဇူလိုင်လ ၃ ရက် နံနက် ၅ နာရီခွဲခန့်က တွဲကားတစီး ချောက်ထဲကျကာ ယာဉ်မောင်းဖြစ်သူ သေဆုံး ခဲ့ကြောင်း သိရသည်။

“ကားက ဂေါ်ဒန်ကျောက်တွေတင်လာတဲ့ကားဗျ။ အရှိန်လွန်ပြီး ချောက်ထဲထိုးကျတာပါ။ အိုးတလုံး အဆင်းလမ်းဘက်က ချောက်ထဲထိုးကျသွားတာ။ တစ်ယောက်က ခုန်ချလို့ လွတ်သွားတယ်၊ယာဉ်မောင်း တော့ ကားနဲ့အတူပါသွားပြီး သေတယ်” ဟု  စေတနာမွန်လူမှုကူညီရေးအသင်းက အတည်ပြုသည်။

မန္တလေး-ပြင်ဦးလွင် အဆင်းလမ်းတွင် ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့ကလည်း မိုင်တိုင်(၁၅/၂) အနီး  တမာ တောင်ကွေ့တွင် ကားတစီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါလာသူသုံးဦး ပြင်းထန်ဒဏ်ရာရခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

“မိုးဖွဲလေးတွေ ရွာတတ်တဲ့ ကာလမို့ အခုလိုမကြာခဏ ဖြစ်နေတယ်။ ဒီလမ်းပိုင်းက လမ်းလည်းကောင်း ပြီး အဆင်းလမ်းရှည်တယ်။ နောက်ပြီး အန္တရာယ်ကွေ့အထပ်ထပ်နဲ့ဆိုတော့ သတိထားမောင်းကြစေလို တယ်။ အထူးသဖြင့် အဆင်းလမ်းဘက်ခြမ်းမှာ အရှိန်လွန်ပြီးမှောက်တာတွေ မကြာခဏဖြစ်နေတယ်” ဟု ကူညီကယ်ဆယ်ရေးတွင် ပါ၀င်ခဲ့သူတဦးက ပြောသည်။

ဧပြီလ ၂၂ ရက်နေ့ကလည်း မိုင်တိုင် ၁၇ အနီး၌ လမ်းဘေးရပ်ထားသည့်ကားကို အရှိန်လွန်လာသည့် ကား တစ်စီးက ၀င်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတဦးနှင့်အမျိုးသမီးတဦး ဒဏ်ရာရခဲ့သည့်ဖြစ်စဉ်လည်း ဖြစ် ပွားခဲ့သေးသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly