ခင်ဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၇ ဦး ထိခိုက်ဒဏ်ရာရ

By လွှမ်းမိုး (မဇ္ဈိမ)
01 July 2023
ခင်ဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၇ ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့ပေါ် ရှိ စစ်ကောင်စီတပ်စခန်း ၊ ဆေးရုံ နှင့် မင်းသိုက် သုံးထပ်တိုက်တွင် စခန်းချတပ်စွဲနေသည့် စစ်ကောင်စီတပ်သားများကို ဇွန်လ ၂၉ ရက် ညပိုင်း ၉ နာရီအချိန်၌ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း MRDA စေတန် တပ်ခွဲထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ခုနစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း MRDA စေတန် တပ်ခွဲမှ တပ်ခွဲမှူး က ပြောသည်။

“ ခင်ဦးမြို့ပေါ် စခန်းမှာ အင်အားသိပ်မရှိတော့ဘူး ဆိုပြီး ဝင်ပစ်တာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်သားတွေ တပ်စွဲနေတဲ့ စခန်းရယ် ၊ မင်းသိုက် သုံးထပ်တိုက်ရယ် ၊ ဆေးရုံရယ် ကို အဓိက ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အတွင်းသတင်းအရ စစ်သား ခုနစ်ဦးထိခိုက်ပြီး ၊ တစ်ဦးမှာ သေနိုင်ခြေ များတယ် " ဟု  ၎င်းကဆိုသည်။

ခင်ဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများမှာ အလယ်လျှို ကျေးရွာတွင် ရောက်ရှိနေသော စစ်ကောင်စီတပ်စစ်ကြောင်းကို ပစ္စည်းထောက်ပို့ ပြုလုပ်ပေးနေရသည့်အတွက် မြို့ပေါ်စခန်းတွင် စစ်အင်အား နည်းပါးနေခြင်းဖြစ်ပြီး  ထိုအခွင့်အရေးကိုယူကာ စခန်းကို ဝင်တိုက်ခဲ့ကြောင်း သိရသည်။

ခင်ဦးမြို့နယ် အရှေ့ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က လက်ရှိတွင် အိုင်ပေါက်ကြီး ကျေးရွာကို ရောက်ရှိနေပြီး လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်နေခြင်းကြောင့် အိုင်ပေါက်ကြီး ၊ ကန်သာယာ၊ ရွာသစ်၊ ပေါက်ကံ စတဲ့ ကျေးရွာများမှ ဒေသခံ လူဦးရေ ၃,၀၀၀ ခန့် စစ်ရှောင်နေရကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ခင်ဦးမြို့နယ် #စစ်ကြောင်းထိုး
#MRDA
#စစ်ကောင်စီတပ်သား
#စစ်ရှောင်
19m

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly