မီးရှို့ခံလိုက်ရတဲ့ အိမ်ရာမဲ့ရဲ့ ကြွေးပူသောက

မီးရှို့ခံလိုက်ရတဲ့ အိမ်ရာမဲ့ရဲ့ ကြွေးပူသောက

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ငါးပါတ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က ဇွန်လ ၂၇ ရက်၊ နေ့လယ် ၂  နာရီမှာ ဝင်ရောက်မီးရှို့ခဲ့ပါတယ်။ 

အဲဒီနေ့က ငါးပါတ်ချောင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ PDF ‌တွေအကြား တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ငါးပါတ်ချောင်းကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ စီးနင်းမီးရှိုခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် အိမ်ခြေ ၅၀၀ ဝန်းကျင်ရှိတဲ့ ငါးပါတ်ချောင်းကျေးရွာက အိမ်ခြေ ၂၀၀ နီးပါး မီးလောင်ပျက်စီးသွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ငါးပါတ်ချောင်းကျေးရွာရှိ ဒေသခံပြည်သူတွေဟာ တောင်ယာလုပ်ငန်း အဓိကလုပ်ကိုင်ပြီး အသက်မွေးဝမ်းကျောင်းပြုကြသူတွေ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ငါးပါတ်ချောင်းကျေးရွာက ဒေသခံ ၅,၀၀၀ ခန့်၊ နီးစပ်ရာ ရွာဘုန်းကြီးကျောင်းနဲ့ တောတောင်တွေထဲ ထွက်ပြေးနေရပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ မဇ္ဈိမကို ပြောကြပါတယ်။ 

Data For Myanmar ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်ဖွဲ့ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် စစ်ကိုင်းတိုင်းက နေအိမ် ၅၃,၈၁၆ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ်= နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly