အညာ သမီးပျိုရဲ့ ဒီမိုကရေစီ ခရီးကြမ်း

By ဂျူချန်း (မဇ္ဈိမ)
30 June 2023
အညာ သမီးပျိုရဲ့ ဒီမိုကရေစီ ခရီးကြမ်း

 အလုပ်အကိုင်အတည်တကျနဲ့ လွတ်လပ်စွာ သွားလာနေထိုင်ခဲ့တဲ့ မအမရာဟာ စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်မှာတော့ သူ့ရဲ့ ဘဝတိုးတက်ရေး အခွင့်အလမ်းတွေကို လက်လွှတ်ပြီး ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် အညာဒေသမှာ စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန် တိုက်ပွဲဝင်နေပါတယ်။

သူ့အနေနဲ့ ပထမဦးဆုံး သေနတ်ကိုင်ရတဲ့ အချိန်တုန်းက စိတ်လှုပ်ရှားရသလို တစ်ခုခုတိမ်းစောင်းချွတ်ချော်သွားလို့ တော်လှန်ရေးခရီး လမ်းခုလတ်မှာ ကျဆုံးသွားရမှာကိုလည်း စိုးရိမ်မိတယ်လို့ ဆိုပါတယ်။

တော်လှန်ရေး ပြီးဆုံးသွားတဲ့အခါမှာ သူ့အနေနဲ့ လစ်ဟင်းခဲ့တဲ့ မိသားစုတာဝန်တွေကို ကျေပွန်အောင် ပြန်ပြီးထမ်းဆောင်သွားမယ်လို့ ပြောပါတယ်။

အညာဒေသမှာ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးတဲ့အခါ ကျေးရွာထဲပိတ်မိနေတဲ့ အမျိုးသမီးတွေကို လက်နက်ခဲယမ်း၊ ရိက္ခာတွေ သယ်ခိုင်းတာမျိုးရှိသလို စစ်ကောင်စီအထိုင်ချတဲ့ စခန်းတွေမှာ ဖမ်းဆီးထားတဲ့ အမျိုးသမီးတွေကို ထမင်းဟင်းချက်ခိုင်းတာမျိုးလည်းရှိတယ်လို့ သူက ဆိုပါတယ်။

ဒီလိုလူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ ရှုတ်ချစာထုတ်တာအပြင် လက်တွေ့ထိရောက်စွာ ကူညီပေးဖို့ မအမရာက တောင်းဆိုထားပါတယ်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#အင်တာဗျူး
#စစ်ကောင်စီ
#တော်လှန်ရေး
#လူ့အခွင့်အရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly