စစ်ရိပ်သန်းလာတဲ့ တနိုင်းဟူးကောင်းဒေသ (ရုပ်/သံ) 

By အဂမ် (မဇ္ဈိမ)
30 June 2023
စစ်ရိပ်သန်းလာတဲ့ တနိုင်းဟူးကောင်းဒေသ (ရုပ်/သံ) 

တနိုင်းဟူးကောင်းချိုင့်ဝှမ်းဒေသမှာပါတဲ့ ရှဒူးဇွပ်ဒေသကို ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) က အခုလ ဇွန် (၂၁) ရက်နေ့မှာ ကန့်သတ်နယ်မြေသတ် မှတ်လိုက်ပြီးနောက်ပိုင်း အာဏာသိမ်းစစ်တပ်က ဂျက်လေယာဥ်တွေနဲ့ ခပ်စိပ်စိပ် လာရောက်ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကမ္ဘာကျော် တနိုင်းဟူးကောင်း လီဒိုလမ်းမပေါ်က က KIA တပ်မ ဟာ (၂) လက်အောက်ခံ တပ်ရင်း ၁၄ နယ်မြေ ဝါရာဇွပ်တိုက်နယ်ကို ကန့်သတ်နယ်မြေအဖြစ် ကေအိုင်အေက ထုတ်ပြန်လိုက်ပြီး နောက်ပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်လေယာဥ်တွေနဲ့  လေးရက်ဆက် ဗုံးကြဲတိုက်ခိုက်လာတာ ဖြစ်ပါတယ်။

ဟူးကောင်းခရိုင်ကနေ  စံပြ၊ အောင်ရာ၊ ဘန်ကောက်ကျေးရွာနဲ့ ယုဇန စက်ရုံဟောင်းရဲ့ နောက်ဘက်ခြမ်း နယ်မြေ၊ ရှဒူးဇွပ်ကျေးရွာနဲ့ ကိုင်းတော၊ ခေါင်းလော်ချောင်းရဲ့ နောက်ဘက်ခြမ်းနယ်မြေတွေကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ကြောင်း KIA  တပ်ရင်း ( ၁၄ ) က ဇွန်လ ၂၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ကန့်သတ်နယ်မြေအတွင်း တရားမဝင် ငါးဖမ်းတာ၊ တောင်ယာစိုက်ခင်း လယ်ယာမြေတွေ လုပ်ကိုင်တာ၊ အများပိုင်မြေတွေကို စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်တာ၊ တစ်ပိုင်တစ်နိုင် ရွှေတူးဖော်တာ၊ အလုပ် အကိုင်အမရှိဘဲ အကြောင်းမဲ့ လာရောက်နေထိုင်တာ လာရောက်နေထိုင်သူတွေအနေနဲ့ ဇွန်လ ၂၅ ရက်နေ့ နောက် ဆုံးထွက်ခွာသွားဖို့လည်း အဲဒီစာမှာ တိုက်တွန်းထားတာပါ။

တက်ဆက်= ရွှေနွယ်

#တနိုင်းဟူးကောင်း
#ကချင်
#KIA
#Mizzima
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly