သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက် ၊ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံး

By MTO (မဇ္ဈိမ)
30 June 2023
သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက် ၊ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံး

မန္တလေးတိုင်း ၊ သပိတ်ကျင်းမြို့နယ်၊  ရေကြောင်းတွင်သွားလာနေသော ရေယာဉ်များ နှင့် သစ်ဖောင်ဝါးဖောင်များပေါ်မှ ပြည်သူများအား ငွေတောင်းသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဗိုလ်လင်းယုန် တပ်ဖွဲ့ က  ယမန်နေ့ ဇွန်လ ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။

ထိုစစ်ဆေးရေးဂိတ်မှ တပ်သားများသည် ပိုက်ဆံတောင်းခြင်း၊ အကြမ်းဖက် ရိုက်နှက် နှိပ်စက်ခြင်းများ ပြုလုပ်နေ၍  ဇွန်လ ၂၇ ရက်က ၄၀ မမ လက်နက်ကြီးဖြင့် လေးကြိမ် ပစ်ခတ်ကာ စနိုက်ပါများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဗိုလ်လင်းယုန်အဖွဲ့က ထုတ်ပြန်ထားသည်။ 

ယင်းစစ်ဆေးရေးဂိတ်သည် စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ထားသည့် နေရာတစ်ခု ဖြစ်သည့်အတွက် အရပ်သားပြည်သူများအနေဖြင့် အဆိုပါစစ်ဆေးရေးဂိတ်အနီးမှ သွားလာခြင်း ကို ရှောင်ရှားကြဖို့အတွက်လည်း  အသိပေး ထားသည်.

ထို့ပြင် ဇွန်လ ၂၇ ရက်၌ ရွာဆိုးရွာရှိ  ရွှေတူးဖော်ရေးလုပ်ငန်း (  အရပ်အခေါ်  ဖိုးချောရွှေတူးဖော်ရေး လုပ်ငန်း) အားက ပိတ်သိမ်းရန် သွားရောက်ခဲ့သော်လည်း သတင်းကြိုတင်ရ၍ ထွက်ပြေးသွားကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  ရွှေလင်းယုန်အဖွဲ့က ဖမ်းဆီးထားသည့် ပျူများ၏ ထွက်ဆိုချက်အရ ၎င်းရွှေတူးဖော်ရေးလုပ်ငန်းသည် ပုဏ္ဏားကြီးပျူရွာ အား တစ်လ လျှင် ငွေကျပ် ၁၅ သိန်း ထောက်ပံ့နေကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။ 

ယခုတိုက်ခိုက်မှုများကို ဗိုလ်လင်းယုန် (သပိတ်ကျင်း တိုက်နယ်ပကဖ)၊ ဗိုလ်မိုးကြိုး တပ်ဖွဲ့ ၊ Nine PDF တပ်ဖွဲ့ နှင့်အတူ ဒေသခံတော်လှန်ရေးအင်အားစုများကပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#သပိတ်ကျင်းမြို့နယ်
#၄ ဦး သေဆုံး
18m

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly