"သတ်ရတာ လွယ်လွန်းလို့ ပန်ဒါနီတွေ မျိုးသုဥ်းတော့မယ်"

By KMN  (မဇ္ဈိမ)
30 June 2023
"သတ်ရတာ လွယ်လွန်းလို့ ပန်ဒါနီတွေ မျိုးသုဥ်းတော့မယ်"

ကချင်ပြည်နယ် မြောက်ဖျားစွန်းဒေသတွေဖြစ်တဲ့ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်နဲ့ ဖုန်ကန်ရာဇီဘေးမဲ့တော၊ ကချင်ပြည်နယ်အရှေ့မြောက်စွန်းဒေသတွေဖြစ်တဲ့ မဂျယ်တောင်နဲ့အီမောဘွန်ဒေသတွေမှာ ပန်ဒါနီတွေကို တွေ့ရပါတယ်။ 

ပန်ဒါနီကို  နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်း (IUCN) က မျိုးတုံးပျောက်ကွယ်တော့မယ့် အနီရောင်အဆင့် တိရစ္ဆာန် စာရင်းမှာထည့်သွင်းထားပြီး တစ်ကမ္ဘာလုံးမှာ အကောင်ရေ ၁၀,၀၀၀ ခန့်သာရှိမယ်လို့ ခန့်မှန်ထားပါတယ်။

ပန်ဒါနီတွေဟာ အလွယ်တကူ သတ်ဖြတ်လို့ရနေတာကြောင့် မျိုးသုဉ်းပျောက်ကွယ်တော့မယ့် အန္တရာယ်နဲ့ရင်ဆိုင်နေရပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly