ရုရှားနှင့် စစ်ကောင်စီတို့ နျူကလီးယားဓာတ်အားပေးစက်ရုံဆောက်ရေးနှင့် ဓာတ်သတ္တုရှာဖွေရေး တွေ့ဆုံဆွေးနွေး

By မဇ္ဈိမ 
30 June 2023
ရုရှားနှင့် စစ်ကောင်စီတို့ နျူကလီးယားဓာတ်အားပေးစက်ရုံဆောက်ရေးနှင့် ဓာတ်သတ္တုရှာဖွေရေး တွေ့ဆုံဆွေးနွေး

စစ်ကောင်စီဝန်ကြီးတွေနဲ့ ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (Rosatom)က တာဝန်ရှိသူတွေ ဇွန်လ ၂၈ ရက်က ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နျူကလီးယားအခြေခံတဲ့ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်ရေးကိစ္စများဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ 

Rosatom အနေဖြင့် မြန်မာနိုင်ငံမှာ အပူစွမ်းအင်သုံးစီမံကိန်းများ အပါအဝင် အခြားစီမံကိန်းလုပ်ငန်းများပါ ပိုမိုရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုများရှိနေကြောင်း Rosatom မှ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာရောက်နေတဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Spasskiy Nikolay ဦးဆောင်တဲ့ အဖွဲ့နဲ့ စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးသောင်းဟန်နဲ့ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့ ရန်ကုန်နည်းပညာတက္ကသိုလ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

MoU ရေးထိုးပြီးသော လေအားလျှပ်စစ်စီမံကိန်းများအတွက် စီမံကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်းလုပ်ငန်းကို တတ်နိုင်သမျှ ပူးပေါင်းကူညီဆောင်ရွက်သွားမည်ဖြစ်ပြီး

အလားအလာကောင်းများစွာပိုင်ဆိုင်တဲ့ မြန်မာနိုင်ငံမှာ Rosatom ရဲ့ အခန်းကဏ္ဍကို ပိုမိုမြှင့်တင် ဆောင်ရွက်ပေးသွားမယ်လို့လည်း Mr. Spasskiy Nikolay က အသိပေးပြောဆိုထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly