အာဏာသိမ်းပြီးနောက် စစ်ရာဇဝတ်မှုများ ပိုမိုများပြားလာကြောင်း ကုလစုံစမ်းစစ်ဆေးရေးအဖွဲ့ပြော

By မဇ္ဈိမ 
30 June 2023
အာဏာသိမ်းပြီးနောက် စစ်ရာဇဝတ်မှုများ ပိုမိုများပြားလာကြောင်း ကုလစုံစမ်းစစ်ဆေးရေးအဖွဲ့ပြော

ပြီးခဲ့တဲ့နှစ်အတွင်း စစ်ကောင်စီက ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ သိသိသာသာ ပိုများလာတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) က ဇွန်လ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

 

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ များစွာတိုးလာတာကြောင့် အဆိုးဆုံးဖြစ်ရပ်တွေနဲ့ ကျူးလွန်ခံရသူတွေအပေါ် သက်ရောက်မှုတွေကို စုံစမ်းစစ်ဆေးတာတွေ အဓိကအာရုံစိုက်လုပ်နေတယ်လို့လည်း IIMM က ပြောပါတယ်။

 

၂၀၂၁ ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံတွင်း အရပ်သားတွေ အပေါ် ပစ်မှတ်ထား ကျူးလွန် တိုက်ခိုက်မှုတွေဟာ အတိုင်းအတာ ပမာဏ ကြီးကြီးမားမား ကျယ်ကျယ်ပြန့်ပြန့် ပိုရှိလာခဲ့သလို၊ ရည်ရွယ်ချက်ရှိရှိ စနစ်တကျကို တိုက်ခိုက်ကျူးလွန်တာ ဖြစ်တယ်လို့လည်း IIMM အဖွဲ့ရဲ့ အစီရင်ခံစာက ဆိုထားပါတယ်။

 

လူသတ်မှု၊ မုဒိမ်းမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ဥပဒေမဲ့ ထောင်ချတာ၊ နေရပ်ပြန်ပို့တာတွေနဲ့ အတင်းအကျပ်လွှဲပြောင်းတာတွေအပါအဝင် နိုင်ငံတစ်ဝန်းမှာ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေနဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့ အထောက်အထားတွေ ရထားတယ်လို့လည်း ပြောထားပါတယ်။

 

သတင်းအချက်အလက်တွေ အထောက်အထားတွေကို အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး ရရှိခဲ့တာလို့ ဆိုပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly