လူကုန်ကူးမှု သံသယရှိသူ ၆၀၀ ကျော်ကို အင်ဒိုနီးရှား ဖမ်းဆီး

By Vietnam Plus
29 June 2023
လူကုန်ကူးမှု သံသယရှိသူ ၆၀၀ ကျော်ကို အင်ဒိုနီးရှား ဖမ်းဆီး
Photo-AFP

အင်ဒိုနီးရှား ရဲတပ်ဖွဲ့သည် ယခုလ ဖြိုခွင်းမှုတစ်ရပ်အတွင်း လူမှောင်ခိုကုန်ကူးမှုနှင့် သံသယရှိသူ ၆၄၂ ဦးကို ဖမ်းဆီးမိကြောင်း ဇွန် ၂၈ ရက်တွင် ပြောသည်။

 

ရဲတပ်ဖွဲ့သည် သံသယရှိသူ ၆၄၂ ဦး ပါဝင်သော လူကုန်ကူးမှု ၅၅၃ မှုကို ယခုလ၏ ဇွန် ၂၈ ရက်အတွင်း ဖော်ထုတ်နိုင်ခဲ့ကြောင်း အမျိုးသားရဲတပ်ဖွဲ့၏ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာန မှုခင်းရေးရာ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ် ဂျူဟန်ဒဟာနီ ရာဟာဂျို ပူရိုက ပြောသည်။

 

ဇွန် ၅ ရက်မှ ၂၇ ရက်အထိ လူမှောင်ခိုကူးသည့် ဂိုဏ်များကို ဆောင်ရွက်ဆဲ ဖြိုခွင်းမှုအတွင်း လူပေါင်း ၁၈၂၆ ဦးကို ရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့သည်။

 

အင်ဒိုနီးရှား၏ ယခုနှစ် အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူထားစဉ်အတွင်း အရှေ့တောင်အာရှ၌ လူမှောင်ခိုကုန်ကူးမှုများ တိုက်ဖျက်ရေးအတွက် ဒေသတွင်း တုံ့ပြန်မှုကို အစပျိုးခဲ့သည့် သမ္မတ ဂျိုကို ဝီဒိုဒို၏ ညွှန်ကြားချက်အရ ယခုလအစောပိုင်း၌ လူမှောင်ခိုကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်အဖွဲ့ကို ထူထောင်ထားခြင်း ဖြစ်သည်။

 

(မိုးသဲ ဘာသာပြန်သည်။)

https://en.vietnamplus.vn/indonesian-police-arrest-over-600-human-traffi...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required